Breaking News >> News >> Kachin News Group (KNG)


နမ်ဆန်ယန်ကျေးရွာတစ်ခုလုံး ရွှေတူးဖော်လိုက်သဖြင့် သောက်သုံးရေအတွက် အခက်အခဲဖြစ်နေ


Link [2022-04-09 14:13:22]



ဝိုင်းမော်မြို့နယ် စစ်ရှောင်များ နေရပ်ပြန်လာသော နမ်ဆန်ယန်ကျေးရွာ နယ်မြေတစ်ခုလုံးတွင် ရွှေတူးဖော်လိုက်ခြင်းကြောင့် လက်ရှိတွင် သောက်သုံးရေ ပြတ်လပ်သည့် သဘာဝဘေးကို ကြုံတွေ့နေရကြောင်း ဒေသခံများ ပြောသည်။ စစ်တပ်က အာဏာသိမ်းပြီနောက် နမ့်ဆန်ယန်ကျေးရွာအတွင်း လုပ်ငန်းရှင်တချို့က စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ခဲ့သောကြောင့် လက်ရှိ ရွှေလုပ်ကွက် ရေအိုင်နှင့် နီးသော နေအိမ်များတွင် သောက်သုံးရေ အရောင်ပြောင်းလာခြင်း နှင့် ခမ်းခြောက်လာခြင်းစသည့် ဘေးအန္တရယ်ကို ကြုံတွေ့နေရသည်ဟု နမ်ဆန်ယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။ “ဒီရွာမှာ ရွှေစတူးလိုက်တဲ့နောက်ပိုင်း ရေသုံးဖို့ ခက်လာတယ်လို့ပြောလို့ရမယ်။ သောက်သုံးနေတဲ့ ရေတွေ မကြည်တော့ဘူး။ နောက် ရေတွေ ခမ်းကုန်လာတယ်။ သိသိသာသာ ရွှေတူးလိုက်တဲ့နောက်ပိုင်း အရင်က မခမ်းတဲ့နေရာတွေမှာ ရေတွေ ခမ်းကုန်တယ်။ ရွာပတ်ပတ်လည် တွေမှာတူးလိုက်တော့ ရေရဖို့အတွက် အရမ်းဝေးတဲ့နေရာမှာသွား...

The post နမ်ဆန်ယန်ကျေးရွာတစ်ခုလုံး ရွှေတူးဖော်လိုက်သဖြင့် သောက်သုံးရေအတွက် အခက်အခဲဖြစ်နေ appeared first on Kachin News Group (KNG).



Most Read

2024-09-20 19:54:28