Breaking News >> News >> Kachin News Group (KNG)


စစ်ကောင်စီတားမြစ်ချက်ထုတ်ထားသော်လည်း ကျောက်စိမ်း တူးဖော်မှု ဆက်ရှိနေဆဲ


Link [2022-04-09 14:13:22]



ဖားကန့် ဒေသတွင် စစ်ကောင်စီဘက်မှ ကျောက်စိမ်း ဆက်လက်တူးဖော်ခွင့်မပြုကြောင်း ထုတ်ပြန်ချက် အကြိမ်ကြိမ်ဖြင့် တားမြစ်နေသော်လည်း လက်တွေ့ မြေပြင်တွင် တူးဖော်မှုများ ဆက်တိုက်ရှိနေကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။ နိုင်ငံပိုင် ကျောက်မျက်ရတနာများကို သားစဉ်မြေးဆက် တူးဖော်နိုင်ရန် ဖားကန့်၊ မော်လူး၊ မော်ဟန် စသည့် ရတနာနယ်မြေများမှ ကျောက်စိမ်းရိုင်းတူးဖော်မှုကို ဆက်လက်တူးဖော်ခွင့်မပြုတော့ကြောင်း စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်သည် စစ်ကောင်စီ၏ သဘောတရားအရ ထုတ်ပြန်ချက်သာဖြစ်ပြီး လက်တွေ့ စက်ယန္တရားကြီးများဖြင့် တူးဖော်မှုများ ရှိနေသည်ဟု ဖားကန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထား သည်။ “သဘောတရားအရတော့ သူတို့ထုတ်ပြန်တာပဲ။ ဒါပေမဲ့ လက်တွေ့မှာ တူးနေကြတာပဲ။ အသေးစိတ်မသိရဘူး။ သူတို့လုပ်နေတာပဲတွေ့ရတယ်။သိရဖို့လည်း မလွယ်ဘူး။ လုပ်နေတယ်ဆိုတာကတော့ ကျနော်တို့...

The post စစ်ကောင်စီတားမြစ်ချက်ထုတ်ထားသော်လည်း ကျောက်စိမ်း တူးဖော်မှု ဆက်ရှိနေဆဲ appeared first on Kachin News Group (KNG).



Most Read

2024-09-21 07:26:35