Breaking News >> News >> Kachin News Group (KNG)


အရာတော်မြို့နယ် လူ‌နေအိမ် ၆၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ အမျိုးသားတစ်ဦး သေဆုံး


Link [2022-04-09 02:53:33]



စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ ရှောက်ခါးကျေးရွာရှိ လူနေအိမ် ၆၀ ကျော်ကို စစ်ကောင်စီတပ်က ယနေ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားတစ်ဦးလည်း လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကြောင်း အရာ‌တော် ပြည်သူ့ကာကွယ်‌ရေးတပ်မှ သိရသည်။ ယနေ့ ဧပြီ ၈ ရက်နေ့ နံနက်ပိုင်း အင်အားအများအပြားပါဝင်သည့် စစ်ကောင်စီတပ်သားများ ရှောက်ခါး ကျေးရွာအတွင်းသို့ သေနတ်ပစ်ကာ ဝင်ရောက်လာပြီးနောက် လူနေအိမ် ၆၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားတစ်ဦးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ”နေအိမ်ကတော့ ၆၇ လုံးပါတယ်။ ပျက်ဆီးဆုံးရှုံးမှု စာရင်းအတိအကျကတော့ ကောက်ယူနေဆဲပဲ မီးကတော့ အခုညပိုင်းတော့ ငြိမ်းသွားပြီ ရွာသားတွေအားလုံးထွက်ပြေးခဲ့ကြပေမယ့် တချို့ပြန်လာပြီ တချို့ကတော့တိန်းရှောင်နေကြဆဲပဲ”ဟု ၎င်းကပြောသည်။ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သည့် အမျိုးသားမှာ အသက် ၂၅...

The post အရာတော်မြို့နယ် လူ‌နေအိမ် ၆၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ အမျိုးသားတစ်ဦး သေဆုံး appeared first on Kachin News Group (KNG).



Most Read

2024-09-21 00:05:30