Breaking News >> News >> Kachin News Group (KNG)


ပင်လည်ဘူးတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် နေအိမ်များ မီးလောင်


Link [2022-04-09 02:53:33]



စစ်ကိုင်းတိုင်း ကသာခရိုင်၊ ပင်လည်ဘူးမြို့တွင် စစ်ကောင်စီက ယနေ့ နံနက်ပိုင်း ဂျက်လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။ ဧပြီ ၈ ရက်နေ့ ယနေ့ နံနက် ၄ နာရီဝန်းကျင်ခန့်မှ စတင်ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်အချို့ မီးလောင်ကာ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ”ထိခိုက်ပျက်စီးမှုကတော့ အတိအကျမသိရသေးဘူး။ ဒီမနက်ပိုင်းထိကတော့ ဗုံးကျဲချတာ နှစ်လုံးရှိသွားပြီ။ တစ်လုံးက ကျောက်တောင်းကုန်းမှာကျတယ်။ တစ်လုံးက ပင်လည်ဘူးမြို့ထဲမှာကျတယ်။ မြို့ထဲဘက်က မီးခိုးတွေလည်း တွေ့ရတယ်ဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။ မြို့ထဲကျသည့် ဗုံးတစ်လုံးကြောင့် ယနေ့ နံနက်ပိုင်းအထိ လူနေအိမ် ၃ လုံးမီး လောင်ခဲ့ကြောင်း သူကဆက်ပြောသည်။ ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်...

The post ပင်လည်ဘူးတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် နေအိမ်များ မီးလောင် appeared first on Kachin News Group (KNG).



Most Read

2024-09-21 05:59:56