ကချင်ပြည်နယ် ဖားကန့်မြို့ ကျောက်စိမ်းလုပ်ကွက်တစ်ခု ယမန်နေ့ ည ပေါက်ကွဲမှုတွင် ကုမ္ပဏီဝန်ထမ်း အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၇ ရက်ည ၈ နာရီခွဲခန့် မှော်မောင်းလျှံစိမ်း ရွှေဝင်းကုမ္ပဏီလုပ်ကွက်တွင် ပေါက်ကွဲခဲ့ရာ ကုမ္ပဏီဝန်ထမ်း အမျိုးသား ၅ ဦး ထိခိုက်ပြီး လတ်တလောဆေးကုသမှု ခံယူနေကြောင်း ဖြစ်စဥ်သိ ဖားကန့်မြို့ အေးမြသာယာရပ် ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ ”ထိတဲ့လူက ငါးယောက်ရှိတယ် လတ်တလော မြဝတ်ရည် ဆေးရုံ မှာဆေးကုသမှုခံ ယူနေတယ် ဒဏ်ရာကတော့ ပြင်းပြင်း ထန်ထန်တော့မရှိဘူး။ ပေါက်ကွဲမှုဖြစ်ပြီးမှ ခဲမှန်တဲ့ ပုံစံလောက်ပဲ” ဟု ယင်းအမျိုးသားက ပြောသည်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သူများမှာ ကိုပိုင်ဇာမင်းထက် (၂၀)နှစ် ၊...
The post ဖားကန့် ကျောက်စိမ်းလုပ်ကွက်ပေါက်ကွဲမှုတွင် ဝန်ထမ်း ၅ ဦး ဒဏ်ရာရ appeared first on Kachin News Group (KNG).
2024-11-11 00:51:43