Breaking News >> News >> Kachin News Group (KNG)


ဖားကန့်မြို့နယ် အင်တာနက်ဖြတ်တောက်မှုကြောင့် ပညာရေး နောက်ကျမှု များစွာရှိနေ


Link [2022-04-07 05:34:42]



ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ အင်တာနက်ဖြတ်တောက်ထားမှုကြောင့် လူငယ်များ၏ ပညာရေးလေ့လာသင်ကြားမှုတွင် ထိခိုက်မှုများစွာ ရှိနေသည်ဟု သိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လမှ စတင်ကာ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်ထားသည်မှာ ယခုလ ဧပြီလ ၁ ရက်နေ့တွင် ရက်ပေါင်း ၂၂၄ ရှိလာပြီ ဖြစ်သည်။ စစ်တပ်ပိုင် Mytel အင်တာနက်လိုင်းတချို့ကိုဧပြီလ ၄ ရက်နေ့မှစတင်ကာ အချိန်အကန့်အသတ်ဖြင့် ဖွင့်ပေးနေသော်လည်း လူငယ်များ၏ ပညာရေးအတွက် အထောက်အကူမပြုဘဲ နှစ်နာမှု ဆက်လက်ရှိနေသည်ဟု ဖားကန့်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။ “မိုင်တလ်အင်တာနက်ရတယ် ၂ နှစ်နာခွဲမှာ တစ်ခါရတယ် အသုံးပြုလို့ရတဲ့အချိန်ကတော့ ၂ ခွဲကြာပေးထားတာပေါ့။ ဒါပေမယ့် ဂွေခါ၊ ကံဆီး၊ မှော်ဝမ်းကလေးနဲ့ လယ်ပြင်အထွက်ဂိတ်ဘက်မှာပဲရတယ်။ အင်တာနက်သုံးဖို့က အရမ်းကြိုးစားပြီး စိတ်ရှည်ရတယ်” ဟု...

The post ဖားကန့်မြို့နယ် အင်တာနက်ဖြတ်တောက်မှုကြောင့် ပညာရေး နောက်ကျမှု များစွာရှိနေ appeared first on Kachin News Group (KNG).



Most Read

2024-09-21 01:22:18