Breaking News >> News >> Kachin News Group (KNG)


နမ်ဆန်ယန် ကျေးရွာအပြင်ဘက် စစ်တပ် နောက်ဆုတ်သွားသော်လည်း ဒေသခံများ စိုးရိမ်နေဆဲ


Link [2022-04-05 19:33:41]



ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်နယ်မြေဖြစ်သော ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာအပြင်ဘက် ၁ မိုင်ခန့်ဝေးသော နေရာသို့ တပ်ဆုတ်သွားသော်လည်း ဒေသခံများ စိုးရိမ်မှု ဆက်ရှိနေသေးသည်ဟု သိရသည်။ အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်များသည် ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်တွင် နမ်ဆန်ယန်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ညနေပိုင်း ၄ နာရီဝန်းကျင်ခန့် နမ်ဆန်ယန်ကျေးရွာ၏ တစ်ဖက်ကမ်းတွင် ရှိသော Lailum Bum စခန်းဘက်သို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။ “ရွာထဲမှာတော့မရှိတော့ဘူး။ မနေ့ညနေပိုင်းအထိတော့ ရွာအတွင်းမှာ ဝင်ရောက်ပြီး ဘုရားကျောင်းတွေမှာ နေသွား တယ်။ သူတို့က ရွာရဲ့ အနီးမှာ ရှိသေးတယ်။ အပြီးပြန်သွားကြတာမဟုတ်။ ဟိုဘက်မှာရှိတဲ့ လေးလုံ စစ်တပ်စခန်းမှာ ရှိနေသေးတယ်။...

The post နမ်ဆန်ယန် ကျေးရွာအပြင်ဘက် စစ်တပ် နောက်ဆုတ်သွားသော်လည်း ဒေသခံများ စိုးရိမ်နေဆဲ appeared first on Kachin News Group (KNG).



Most Read

2024-09-21 06:04:39