Breaking News >> News >> Kachin News Group (KNG)


ဖားကန့်တွင် ကြံ့ခိုင်ရေး ထောက်ခံသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ


Link [2022-04-05 19:33:41]



ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု နန့်မှော်ကျေးရွာတွင် ကြံ့ခိုင်ရေး ထောက်ခံသူ အမျိုးသားတစ်ဦး ဧပြီလ ၄ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသောသူသည် ဦးထွန်းထွန်းဆိုသူဖြစ်ပြီး ဆိပ်မူကျေးရွာသို့ သွားပြီးအပြန် လမ်းခုလတ်နေရာတွင် ပစ်သတ်ခံလိုက်ရသည်ဟု ဖားကန့်ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။ ”သေနတ် နဲ့ပစ်သတ်ခံရတာတော့ဟုတ်တယ်။ အဲ့နေရာမှာဘဲပွဲချင်းပြီး ဆုံးသွားတယ်။ ဘယ်သူက ဘာကြောင့်သတ်တယ်ဆိုတာတော့ သေချာမသိရဘူး”ဟု ပြောသည်။ ဦးထွန်းထွန်း၏ ကိုယ်ပေါ်တွင်  သေနတ်ဒဏ်ရာ ၅ ချက်ထက်မနည်းတွေ့ရပြီး ပစ်သတ်သွားသည့် အဖွဲ့အစည်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ သူသည် နေအိမ်အတွင်း စျေးဆိုင်ဖွင့်လှစ်ထားသူဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်ကြောင်း သိရသည်။ ဖားကန့်မြို့နယ်တွင် သေနတ် ပစ်သတ်ခံရမှု မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ဇန်နဝါရီလ...

The post ဖားကန့်တွင် ကြံ့ခိုင်ရေး ထောက်ခံသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ appeared first on Kachin News Group (KNG).



Most Read

2024-09-20 23:00:34