Breaking News >> News >> Kachin News Group (KNG)


ရေနစ်သေဆုံးသည်ဟု ယူဆရသည့်အမျိုးသားတစ်ဦး၏ ရုပ်လောင်းတွေ့ရှိ


Link [2022-04-04 21:54:00]



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် လုံဂါပါစားသောက်ဆိုင်နောက်ကြောဘက် ဧရာဝတီမြစ်ဆိပ်တစ်နေရာတွင် ရေနစ်သေဆုံးသည်ဟု ယူဆရသည့် ရုပ်အလောင်းတစ်ခု ယနေ့ တွေ့ရှိခဲ့ကြောင်းသိရသည်။ သေဆုံးနေသော ရုပ်အလောင်းကို ယနေ့ ဧပြီ ၄ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင်တွေ့ရှိခဲ့ပြီး အမျိုးသားတစ်ဦး၏ ရုပ်အလောင်းဖြစ်သည်ဟု ဖြစ်စဥ်သိသူ စီတာပူရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ ”သူ့ကိုယ်ခန္ဓာမှာ ဒဏ်ရာတွေဘာတွေတော့မတွေ့ရဘူး။ ရေနစ်သေဆုံးတာဖြစ်နိုင်တယ်။ မြစ်ဆိပ်မှာ ပေါ်နေတာဆိုတော့။ ပြီးရင် အတွင်းခံဘောင်းဘီနဲ့ သေနေတာ။ ရေချိုးပြီးတော့‌ ရေနစ်သေတာလို့ အဲ့လိုပဲပြောကြတယ်” ဟု ပြောဆိုသည်။ အဆိုပါရုပ်အလောင်း သေဆုံးနေသည်မှာ ၄ ရက်ခန့်ကြာမြင့်ပြီဖြစ်ပြီး လက်ရှိတွင် မည်သူမည်ဝါဖြစ်မည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ ထို့နောက် ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားအသင်းက ရှင်းလင်းထုပ်ပိုးပြီးနောက် ရင်ခွဲရုံသို့ပေးဆောင်ပေးခဲ့ကြောင်းသိရသည်။ စီတာပူရပ်ကွက် ဧရာဝတီမြစ်ဆိပ်တစ်နေရာတွင်...

The post ရေနစ်သေဆုံးသည်ဟု ယူဆရသည့်အမျိုးသားတစ်ဦး၏ ရုပ်လောင်းတွေ့ရှိ appeared first on Kachin News Group (KNG).



Most Read

2024-09-21 07:33:27