Breaking News >> News >> Kachin News Group (KNG)


ဗန်းမော် တက္ကသိုလ်ရှေ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ


Link [2022-04-03 00:34:07]



ဗန်းမော်မြို့ တက္ကသိုလ်ဝင်းရှေ့ ယနေ့နံနက် ၈ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ စစ်ယာဉ်တန်းသည် မိုးမောက်မြို့ဘက်မှ ဆင်းလာချိန် ဗန်းမော်မြို့အဝင် နမ့်ဖားကျေးရွာရှိ ဗန်းမော် တက္ကသိုလ် ကျောင်းရှေ့တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဗန်းမော်မြို့နေ အမျိုးသားတစ်ဦး ပြောသည်။ ”အသံတော့ အကျယ်ကြီးပဲကြားလိုက်တယ်။ နောက်မှ စစ်ယာဥ်တန်းမိုင်းဆွဲခံရတာလို့ သိရတာ ဖြတ်သွားတာတော့ ဆယ်စီးလောက်ရှိမယ် အင်အားများတယ်” ဟု ၎င်းကပြောသည်။ အဆိုပါမိုင်းဆွဲခံရမှုတွင် ထိခိုက်မှုရှိနိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသော်လည်း အထိအခိုက်သေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်သည်။ အလားတူ ဗန်းမော်မြို့တွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ကလည်း စစ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ရဲမှူးတစ်ဦးနှင့် ဒေသခံတစ်ဦး မိုင်းထိ သေဆုံးခဲ့သည်။

The post ဗန်းမော် တက္ကသိုလ်ရှေ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 07:31:41