Breaking News >> News >> Kachin News Group (KNG)


မော်ဟန်ကျေးရွာတွင် မီတာခ​ပေးဆောင်လျှင် မီးပြန်ပေးမည်ဟု စစ်ကောင်စီပြောဆို


Link [2022-03-29 14:52:49]



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် လျှပ်စစ်မီတာခမပေးဆောင်သည့်အတွက် စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားပြီး မီတာခပေးဆောင်မည်ဆိုပါက လျှပ်စစ်မီးအချိန်ပြည့်ပြန်ပေးမည်ဟုပြောဆိုလာကြောင်းသိရသည်။ အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် မော်ဟန်ကျေးရွာတွင် အိမ်ခြေ ၆၀ခန့်ကသာမီတာခပေးဆောင်လျက်ရှိပြီး အများပိုင်းကမီတာခမပေးဆောင်သည့်အတွက် စစ်ကောင်စီက မတ် ၂၁ ရက်နေ့မှစတင်ကာ တစ်ရွာလုံးကို လျှပ်စစ်မီးဖြတ််တောက်ထားခြင်းဖြစ်သည်။ ယခုလို ပြည်သူများအနေဖြင့် မီတာခ ပုံမှန်ပြန်ပေးဆောင်ပါက ပုံမှန်အတိုင်းမီးပေးမည်ဟုပြောလာကြောင်း မော်ဟန်ကျေးရွာနေအမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “မီးက လွန်ခဲ့တဲ့နှစ်ရက်လောက်ကနေပြန်ပြီးစပေးတယ်။ အချိန်ပြည့်တော့မဟုတ်ဘူး။ လာလိုက်မလာ လိုက်ပေါ့။ ည ရနာရီလောက်ကနေ မနက် လေးနာရီလောက်ထိလာတယ်။ ကျန်တဲ့ချိန်တော့ မလာဘူး။ ဒီနေ့ရွာသားတွေနဲ့လျှပ်စစ်တာဝန်ရှိသူတွေနဲ့ ရွာကမီးလင်းရေးကကော်မတီတွေနဲ့ တွေ့ဆုံတဲ့ခါ ပြောတာတော့မီတာခတွေပြန်ဆောင်ရင်မီးပုံမှန်ပြန်ပေးမယ်။ ရွာသားတွေရဲ့သဘောပဲအတင်းတော့ မဆောင်ခိုင်ဘူးလို့ပြောတယ်” ဟုပြောဆိုသည်။ မီတာကြေးပေးဆောင်မည်ဆိုပါက ပြီးခဲ့သော ၂၀၂၁ခုနှစ် စက်တင်ဘာလမှ ဖေဖော်ဝါရီလအထိအသုံးပြုထားသည့် မီတာခများကိုပါ ပြန်လည်ပေးဆောင်ရမည်ဖြစ်ပြီး ရွာသားများက...

The post မော်ဟန်ကျေးရွာတွင် မီတာခ​ပေးဆောင်လျှင် မီးပြန်ပေးမည်ဟု စစ်ကောင်စီပြောဆို appeared first on Kachin News Group (KNG).



Most Read

2024-09-21 07:29:25