Breaking News >> News >> Kachin News Group (KNG)


စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်သူများကိုမဖမ်းဘဲ လက်လုပ်လက်စားများကိုသာ ဖမ်းဆီးဟု ထောက်ပြ


Link [2022-03-27 17:32:55]



ကချင်ပြည်နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုအများအပြားရှိနေသော်လည်း လက်လုပ်လက်စားအများစု လုပ်ကိုင်စားသောက်နေသော အာလမ်(ALAM) ကျေးရွာတစ်ခုကိုသာ စစ်ကောင်စီတပ်က ဖမ်းဆီးမှု ပြုလုပ်နေသည်ဟု ဧရာ၀တီမြစ်ကာကွယ်စောင့်ရှောက်သူတစ်ဦးက ထောက်ပြ ပြောဆိုသည်။ မြစ်ကြီးနားမြို့ရှိ အာလမ်ကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးရှိ လက်လုပ်လက်စားရွှေတူးဖော်မှုများနှင့် စက်ယန္တရားအချို့ကို စစ်ကောင်စီတပ်မှ မတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးခဲ့သည်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အာလမ်ကျေးရွာတစ်ခုကိုသာကွက်ပြီး ဖမ်းဆီးနေမည့်အစား အမှန်တကယ် စက်ယန္တရားကြီးများဖြင့် တူးဖော်နေသော နေရာအများစုကိုလည်း ဖမ်းဆီးသင့်သည်ဟု ဧရာ၀တီမြစ်ကာကွယ်စောင့်ရှောက်သူ ပြည်သူ တစ်ဦးက KNG ကို ယခုလို ပြောသည်။ “သူတို့လုပ်တာက လွဲနေတယ်။ အာလမ်ကျေးရွာဆိုတာက စက်ကြီးနဲ့ တူးတာက မရှိသလောက်ပဲ တစ်ခုလောက်ပဲရှိတယ်။ အားလုံးက ဒေသခံပြည်သူတွေ လက်လုပ်လက်စား စက်အသေးနဲ့ပဲ တူးဖော်နေတာဖြစ်တယ်။ မြစ်ကြောတစ်လျှောက်...

The post စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်သူများကိုမဖမ်းဘဲ လက်လုပ်လက်စားများကိုသာ ဖမ်းဆီးဟု ထောက်ပြ appeared first on Kachin News Group (KNG).



Most Read

2024-09-21 07:36:35