Breaking News >> News >> Kachin News Group (KNG)


တနိုင်း တရုန်ကျေးရွာအနီး စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ


Link [2022-03-27 05:13:29]



တနိုင်းမြို့နယ် တရုန်ကျေးရွာသို့ တပ်ချိန်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့ ယနေ့ ၁၂ နာရီဝန်းကျင်ခန့်တွင် တရုန်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ် ၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်က တရုန်ကျေးရွာ၏ တရုန်ချောင်းကူးတံတားပေါ်တွင် တပ်စွဲထားသည့် တပ်စခန်းတွင် တပ်အပြောင်းအလဲ ပြုလုပ်ရန် တနိုင်းမြို့ဘက်မှ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တရုန်ချောင်းအနီးတွင် KIA နှင့် PDF အဖွဲ့က ၄ကြိမ်ထက်နည်း မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောဆိုသည်။ “မိုင်းခွဲတိုက်ခိုက်တာက ၁၂ နာရီကျော်လောက်မှာ ဖြစ်တယ်။ တပ်ချိန်းဖို့ရန်အတွက် တနိုင်းဘက်က တက်လာတဲ့ စစ်ကြောင်းဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုးတော့မဟုတ်ဘူး။ မိုင်းခွဲတိုက်ခိုက်ရုံလောက်ဘဲ။ ဗမာစစ်သားဘက်ကတော့ ရှေ့မှာတင်...

The post တနိုင်း တရုန်ကျေးရွာအနီး စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ appeared first on Kachin News Group (KNG).



Most Read

2024-09-21 03:10:25