Breaking News >> News >> Kachin News Group (KNG)


စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ၂ စီး ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်


Link [2022-03-26 01:42:56]



ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် နှစ်ညစခန်းချခဲ့သည့် စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘော အထက်ဝဲကြီးရွာအရောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ရှော့တိုက်ဒုန်းဖြင့် စောင့်ကြိုပစ်ခတ်မှုကို ခံရကြောင်း သိရသည်။ ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် မိုးတားလေးကျေးရွာမှ ထွက်လာသည့် ယင်းစစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောကို သံပုရာကုန်းရွာနှင့် အထက်ဝဲကြီးရွာကြားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “သဘော်စုန်လာတော့ ကျနော်တို့အဖွဲ့ကနေပြီး ရှော့တိုက်ဒုန်းနဲ့ပစ်လိုက်တော့ ‌သဘော်ရဲ့ ခလယ်ခေါင်အနောက်နားလေးကို မှန်သွားတယ် သဘော်ကလည်းနှစ်ပတ်လောက်လည်ပြီး မီးခိုးတွေထွက်လာတယ်။ အဲမှာကျနော်တို့က ၇၉ ကျည်နဲ့ပြန်ပစ်တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေပြန်ထုလာလို့ ကျနော်တို့ ပြန်ဆုတ်လိုက်တယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ အလားတူ မတ်လ ၂၄ ရက် ည ၉ နာရီခန့်တွင်လည်း ခတက်ချောင်ရွာနှင့် မင်းလယ်ရွာကြား၌ သင်္ဘောလုံခြုံရေးယူထားသည့် ခြေလျှင်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်မှ လက်နက်ကြီး ၄...

The post စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ၂ စီး ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက် appeared first on Kachin News Group (KNG).



Most Read

2024-09-21 07:35:51