Breaking News >> News >> Kachin News Group (KNG)


စစ်ကောင်စီ သင်္ဘော လုံခြုံရေး ခြေလျင်တပ်ကို ဒေသခံကာကွယ်ရေးတပ်မှ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်


Link [2022-03-26 01:42:56]



ကသာမြို့နယ် မိုးတားလေးကျေးရွာ မြို့လှဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ သင်္ဘော လုံခြုံရေးတပ်ကို ဒေသခံကာကွယ်ရေးတပ်မှ ယနေ့ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်‌ကောင်စီတပ်၏ သင်္ဘော လုံခြုံရေးယူပေးရန် ခြေလျင်စစ်ကြောင်းဖြင့် တက်လာသည့် စစ်ကြောင်းကို ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီတွင် တစ်ကြိမ် ဒေသကာကွယ်ရေးတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “သင်္ဘော မနေ့ည မိုးတားလေးမှာနားတာ သင်္ဘောမထွက်ခင် ကြိုပြီးလုံခြုံရေးယူပေးဖို့ ထွက်လာတဲ့ စစ်ကြောင်းပါ။ စစ်ကြောင်းက နှစ်ကြောင်းခွဲထွက်တာ မနက်ကတစ်ကြောင်း နေ့လည်ကတစ်ကြောင်း ‌ပစ်ခံရတဲ့နေရာတော့ မိုးတားလေး၊ ဝဲကြီးတစ်လျှောက်ဘဲ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ ပထမအကြိမ် အင်အား ၅၀ခန့်ရှိသည့် ခြေလျင်စစ်ကြောင်းကို...

The post စစ်ကောင်စီ သင်္ဘော လုံခြုံရေး ခြေလျင်တပ်ကို ဒေသခံကာကွယ်ရေးတပ်မှ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက် appeared first on Kachin News Group (KNG).



Most Read

2024-09-21 07:34:43