Breaking News >> News >> Kachin News Group (KNG)


မီတာခ မဆောင်လို့ဟု ဆိုကာ မော်ဟန်ကျေးရွာကို စစ်ကောင်စီမှ လျှပ်စစ် မီးဖြတ်တောက်


Link [2022-03-26 01:42:56]



မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် မီတာကြေး မဆောင်သောကြောင့်ဟုဆိုကာ စစ်ကောင်စီက တစ်ရွာလုံးကို လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း သိရသည်။ မော်ဟန်ကျေးရွာ အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၆၀ ကျော်ခန့်ကသာ မီတာခ ဆောင်လေ့ရှိသောကြောင့် မတ်လ ၂၁ ရက်နေ့မှ စတင် လျှပ်စစ်မီး ဖြတ်တောက်လိုက်သည်ဟု လျှပ်စစ်ရုံးမှ ပြောလာကြောင်း မော်ဟန်ကျေးရွာမှ အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ဆိုသည်။ “အခွန်မဆောင်လို့ မီးဖြတ်ပေးတဲ့သဘောပဲ။ EPC ကပြန်ပြောလာတာက အိမ်ခြေတစ်ထောင်ကျော်မှာ ထောင်အိမ်ထောင်စု ငါးဆယ် ခြောက်ဆယ်လောက်ပဲ ဆောင်ထားတာရှိတယ်တဲ့။ ဆောင်တဲ့လူကတော့ ဆောင်ပေမယ့် မဆောင်တဲ့ သူတွေနဲ့ရောပြီးမှ မီးဖြတ်တဲ့ထဲမှာပါသွားတာပေါ့ဗျာ။ အခုမီးမလာတာက ဒီတစ်ညနဲ့ဆိုလေးရက်ရှိပြီဗျ”ဟု ပြောဆိုသည်။ မော်ဟန်ကျေးရွာတွင် EPC မှ မီတာစာရွက် လာမဖတ်သောကြောင့် မီတာခ မဆောင်ခဲ့ခြင်းဖြစ်ကြောင်း မော်ဟန်ကျေးရွာနေ ပြည်သူတစ်ဦးက...

The post မီတာခ မဆောင်လို့ဟု ဆိုကာ မော်ဟန်ကျေးရွာကို စစ်ကောင်စီမှ လျှပ်စစ် မီးဖြတ်တောက် appeared first on Kachin News Group (KNG).



Most Read

2024-09-20 20:26:03