Breaking News >> News >> Kachin News Group (KNG)


မံစီ စစ်ရှောင်များ အစားအသောက် အခက်အခဲ ကြုံတွေ့နေရ


Link [2022-03-24 09:12:33]



မံစီမြို့နယ် မိုင်းခေါင် စစ်ရှောင်ပြည်သူများ လက်ရှိတိုက်ပွဲအခြေအနေကြောင့် စစ်ရှောင်စခန်းအတွင်း လုံခြုံရေးအတွက်စိုးရိမ်နေရသည့်ကြား အစားအသောက်နှင့် အခြားကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ မံစီမြို့နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာပြီးနောက် မိုင်းခေါင် စစ်ရှောင်ပြည်သူများသည် လုံခြုံရေးအတွက် စိုးရိမ်နေရသည့်အပြင် အပြင်ထွက်အသက်မွေးဝမ်းကြောင်းပြုလုပ်ရန်မဖြစ်နိုင်သောကြောင့် အစားအသောက် အခက်အခဲကြုံနေရသည်ဟု မိုင်းခေါင် KBC စစ်ရှောင်စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ကျနော်တို့ စစ်ရှောင်စခန်းက တောမကျ မြို့မကျ နေရာမှာရှိနေတာကြောင့် အခုက ဘယ်ကိုပဲ သွားမယ်ဆိုလည်း စိုးရိမ်နေရတယ်။ တောထဲပဲသွားသွား ဘယ်ကိုပဲသွားသွား ကြောက်နေရတယ်။ ဒါကြောင့် အခုက စစ်ရှောင်စခန်းမှာပဲ နေပြီး ဖြစ်သလို တတ်နိုင်သလိုပဲ ဖြေရှင်းနေကြရတယ်။ အရင်ကတော့ ခက်ခဲတယ်ဆိုပေမဲ့ ကူညီပေးတာ လောက်နဲ့ ကြိုးစားပြီး နေတယ်။ ဒါပေမဲ့ အခုက ဘယ်ကိုမှ သွားလို့မရဘူး။ ခြံတွေဘာတွေလည်း...

The post မံစီ စစ်ရှောင်များ အစားအသောက် အခက်အခဲ ကြုံတွေ့နေရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 07:50:05