Breaking News >> News >> Kachin News Group (KNG)


တောထဲထွက်ပြေးနေရသော ဆွမ်ပီယန်နှင့် အင်စီးယန် ဒေသခံ များ နေရပ်ပြန်


Link [2022-03-22 19:21:03]



ပူတာအိုမြို့နယ် တိုက်ပွဲကြောင့် ၂ လနီးပါး တောတွင်းတိမ်းရှောင်ခဲ့ရသော ဆွမ်ပီယန်နှင့် အင်စီးယန်ဒေသခံများသည် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့် ဘာသာရေးခေါင်းဆောင်များ၏ ကူညီမှုဖြင့် ယနေ့ ကျေးရွာအတွင်းသို့ ပြန်လာနေထိုင်ကြပြီဟု သိရသည်။ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်တွင် မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC) နှင့် ကချင်ငြိမ်းချမ်းအကျိုးဆောင်အဖွဲ့(PCG)၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) တို့ဖြင့် ဖွဲ့စည်းထားသော ၁၇ ဦး ကော်မတီဝင်အဖွဲ့၏ ဦးဆောင်ကူညီမှုဖြင့် ပြန်လာနိုင်ခြင်းဖြစ်သည်ဟု အင်စီးယန် စစ်ရှောင်ပြည်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “တောမှာ တိမ်းရှောင်တဲ့ စစ်ရှောင်အားလုံး ဒီမနက် ၈ နာရီ ရွာမှာ ပြန်ရောက်ပါပြီ။ အဓိကတော့ ဘာသာရေးခေါင်ဆောင်တွေ PCG နဲ့ WMR တို့ရဲ့ ဦးဆောင်မှုအောက်မှာ ပြန်လာကြတာဟုတ်တယ်။ ကျနော်တို့ စစ်ရှောင်တွေလည်း ရွာပြန်ချင်ကြတာဖြစ်တဲ့အတွက် တာဝန်ရှိသူတွေကို...

The post တောထဲထွက်ပြေးနေရသော ဆွမ်ပီယန်နှင့် အင်စီးယန် ဒေသခံ များ နေရပ်ပြန် appeared first on Kachin News Group (KNG).



Most Read

2024-09-21 07:32:28