Breaking News >> News >> Kachin News Group (KNG)


တရုတ်ဘက်ခြမ်း အိုမီခရွန် ပိုးတွေ့ နှုန်းမြင့်နေသောကြောင့် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်ကို တရုတ်ဘက်က ရက်အကန့်သတ်မရှိ ပိတ်ထား


Link [2022-03-22 19:21:03]



မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်နှင့်နီးစပ်သည့် တရုတ်ပြည် ဘက်ခြမ်းတွင် ယခုရက်ပိုင်း အိုမီခရွန် ဗိုင်းရပ်စ်ပိုးတွေ့နှုန်းမြင့်မားနေသောကြောင့် ကုန်သွယ်ရေးဂိတ်ကို တရုတ်အစိုးရဘက်မှ ရက်အကန့်သတ်မရှိ ပိတ်လိုက်ကြောင်း သိရသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့်နီးစပ်သည့် တရုတ်ပြည်ဘက်ခြမ်းရှိ လုံချောင်ခရိုင်ရှိ (Longchuan) လာရင်း (LAYING)၊ နမ်းဟုန်း(NONGHONG) မြို့နှင့် အနီးဝန်းကျင်ရှိမြို့များတွင် မတ်လ ၁၀ ရက်ကျော်ခန့်ကစတင်ပြီး အိုမီခရွန် ဗိုင်းရပ်စ်ပိုးတွေ့နှုန်းမြင့်မားလာသောကြောင့် ပိတ်လိုက်ကြောင်း ဗန်းမော်ခရိုင် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “ပိတ်ထားတာက လေးရက်ရှိပြီ ဘယ်လိုကြောင့်လဲဆိုရင်တော့ ကိုဗစ်ရောဂါပိုးတွေ့လို့ပေါ့နော်ရောဂါပိုး တွေ့လို့ တရုတ်ဘက်ကနေပြန်ပိတ်သွားတာ။ ဒီနေ့က ကြံပါပိတ်လိုက်ပြီ မနေ့က ကြံဝင်ခိုင်းသေးတယ်။ လုံချောင်ခရိုင် လာရင်း နမ်းဟုန်းတို့ဘက်မှာ ကိုဗစ်အိုမီခရွန်အရမ်းကူး‌နေ လို့တဲ့” ဟု ဗန်းမော်ခရိုင်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေးဂိတ်ပိတ်ထားသည်မှာ ‌လေးရက်ရှိပြီဖြစ်ပြီး လတ်တလော...

The post တရုတ်ဘက်ခြမ်း အိုမီခရွန် ပိုးတွေ့ နှုန်းမြင့်နေသောကြောင့် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်ကို တရုတ်ဘက်က ရက်အကန့်သတ်မရှိ ပိတ်ထား appeared first on Kachin News Group (KNG).



Most Read

2024-09-21 07:26:17