Breaking News >> News >> Kachin News Group (KNG)


ဟိုပင် နန့်ရင်းဘက် စစ်ရေးတင်းမာမှုကြောင့် ပြည်သူများ စျေးဆိုင်ပိတ်ထားရ


Link [2022-03-22 19:21:03]



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းကျေးရွာဘက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ PDF နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေး ဆက်လက်တင်းမာနေသောကြောင့် နန့်ရင်းကျေးရွာပြည်သူများက ​စျေးဆိုင်များ ပိတ်ထားရကြောင်း သိရသည်။ ဟိုပင်မြို့နှင့် နှစ်မိုင်ခန့်ကွာဝေးသည့် နန့်ရင်းကျေးရွာ ချောင်းတစ်ဖက်ကမ်းတွင် မတ်လ ၁၉ ရက်မနက်ပိုင်း နှင့် ၂၀ ရက် ည ကိုးနာရီအချိန်တွင် ပတ်ခတ်သံများ ဖြစ်ပွားခဲ့ပြီးနောက် ထိုနေရာနဲ့ နီးစပ်သည့် နန့်ရင်းကျေးရွာနေ ပြည်သူများက စျေးဆိုင်များ ပိတ်ထားပြီး တိုက်ပွဲပိုမို ပြင်းထန်လာမည်ကို စိုးရိမ်နေရကြောင်း ပြည်သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “မနေ့က ညကိုးနာရီခွဲ ဆယ်နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေထပ်ကြားရတယ်။ လက်နက် ကြီးပစ်ခတ်သံတွေကော ကြားရတယ် သိပ်တော့မကြာဘူး ခဏလောက်ပဲ ပစ်သံတွေကြားရတာက ပြည်သူတွေပြေးတာလွှာတာတော့လောလောဆယ်မရှိသေးဘူး။...

The post ဟိုပင် နန့်ရင်းဘက် စစ်ရေးတင်းမာမှုကြောင့် ပြည်သူများ စျေးဆိုင်ပိတ်ထားရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 01:22:17