Breaking News >> News >> Kachin News Group (KNG)


ဒီပဲယင်းနှင့် ဝက်လက်မြို့နယ် လူနေအိမ် ၁၀၀ တိတိမီးရှို့ဖျက်ဆီးခံရ၊ လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အိုနှစ်ဦး မီးလောင်သေဆုံး


Link [2022-03-20 02:53:26]



စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းနှင့် ဝက်လက်မြို့နယ်တွင် လူနေအိမ် ၁၀၀ တိတိမီးရှိ့ဖျက်ဆီးခံရပြီး၊ လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အိုနှစ် ဦးလည်းမီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။ မတ်လ ၁၈ ရက်နေ့ စစ်ကောင်စီတပ်သားများ ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာ နှင့် ဝက်လက်မြို့နယ်ရှိ တောင်ကုန်းကျေးသို့ရွာကို ဝင်ရောက်လာကာ မရကန်ကျေးရွာမှ လူနေအိမ် လေးလုံးနှင့် တောင်ကုန်းကျေးရွာမှ အိမ်ခြေ ၉၆ လုံး စုစုပေါင်း လူနေအိမ် ၁၀၀တိတိကိုမီးရှို့ဖျက်ဆီးခဲ့ ကြောင်းသိရသည်။ လူနေအိမ်များ မီးလောင်မှု ဖြစ်စဉ်တွင် မရကန်ကျေးရွာမှ အသက် ၈၀ကျော် အဖိုးအိုတစ်ဦးနှင့် တောင်ကုန်းကျေးရွာမှ အသက် ၇၅နှစ်အရွယ်ရှိအသက်ကြီးရွယ်အိုတစ်ဦးတို့သည် နေအိမ်များမီးလောင်နေစဉ် ထွက်မပြေးနိုင်သောကြောင့် မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များထံမှသိရသည်။ “အခုမီးရှို့သွားတဲ့ ရွာက အင်းဘဲကြီးအုပ်စုက တောင်ကုန်းရွာဟုတ်တယ်။ အရင်နေ့က အဲ့ဒီမှာ တိုက်ပွဲ ဖြစ်တယ်။ PDFတွေကို...

The post ဒီပဲယင်းနှင့် ဝက်လက်မြို့နယ် လူနေအိမ် ၁၀၀ တိတိမီးရှို့ဖျက်ဆီးခံရ၊ လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အိုနှစ်ဦး မီးလောင်သေဆုံး appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:34:15