Breaking News >> News >> Kachin News Group (KNG)


မြစ်ကြီးနား၂၁ မိုင်ဂိတ် တိုက်ခိုက်ဖျက်ဆီးခံရ


Link [2022-03-20 02:53:26]



မြစ်ကြီးနားမြို့အဝင် မရမ်းကျေးရွာအနီးရှိ ၂၁ မိုင် စုပေါင်းဂိတ်ကို ယနေ့ နံနက် ၄ နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။ “၂၁ မိုင် ဂိတ်ကိုတော့ ဖျက်ဆီးလိုက်ပြီ။ မြစ်ကြီးနားကနေ လေယာဥ်နဲ့လာတိုက်လို့ နောက်ဆုတ်သွားတယ်။ စုပေါင်းဂိတ်မှာရှိတဲ့ သူတို့တွေရဲ့ထိခိုက်မှုကိုတော့ အသေးစိတ်မပြောနိုင်သေးဘူး။ ထိခိုက်သေဆုံးမှုတော့ရှိတယ်” ဟု KIA သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကို အတည်ပြု ပြောဆိုသည်။ တိုက်ခိုက်ခံရသည့် ၂၁ မိုင် စုပေါင်းဂိတ်တွင် ၃ နာရီခန့်အကြာ အပြန်အလှန်တိုက်ခိုက်ပြီးနောက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီဘက်မှ ရဟတ်ယာဥ် ၂စီးဖြင့် ၅ကြိမ်ထက်မနည်း လာရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ “၄ နာရီအစောပိုင်းကတည်းကနေ လက်နက်ကြီးသံ လက်နက်ငယ်သံ အကုန်ကြားရတယ်။ အခုတောင်...

The post မြစ်ကြီးနား၂၁ မိုင်ဂိတ် တိုက်ခိုက်ဖျက်ဆီးခံရ appeared first on Kachin News Group (KNG).



Most Read

2024-11-11 02:04:21