Breaking News >> News >> Kachin News Group (KNG)


မြစ်ကြီးနားနှင့်ဝိုင်းမော်တွင် လူဦးရေစာရင်းစတင်‌ကောက်နေ၊ ရွေးကောက်ပွဲအတွက် အကျုံးဝင်မည်ဟုသိရ


Link [2022-03-16 22:13:30]



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းတွင် စစ်ကောင်စီက လူဦးရေစာရင်းများစတင်ကောက်နေပြီး ကောက်ခံရရှိသည့် လူဦးရေစာရင်းသည် စစ်ကောင်စီပြုလုပ်မည့်ရွေး ကောက်ပွဲအတွက်လည်း အကျုံးဝင်မည်ဖြစ်ကြောင်းသိရသည်။ လူဦးရေစာရင်းများကို မြစ်ကြီးနားနှင့်ဝိုင်းမော် မြို့နယ်အတွင်း မတ်လ ၇ ရက်နေ့နောက်ပိုင်းစတင်ကောက် ခံနေပြီဖြစ်ပြီး စစ်ကောင်စီခန့်အပ်သည့် သက်ဆိုင်ရာရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးများမှကွင်းဆင်းကောက်ခံပေးနေကြောင်း မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးမှသိရသည်။ “ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ တိုက်နယ် လဝကမှူးတွေ ဆယ်အိမ်မှူး ရာအိမ်မှူးတွေနဲ့ ကျွန်တော်တို့က မြေပြင်ကို ကွင်းဆင်းပြီး စစ်ဆေးကောက်ယူနေတာပါ။ဒီကောက်ခံရရှိတဲ့လူဦးရေစာရင်းက ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း ရွေးကောက်ပွဲအတွက် လိုအပ်တဲ့မဲထည့်ရမယ်ဆိုရင်လည်း မဲထည့်ရမယ့်သူက မှတ်ပုံတင်မရှိရင် မှတ်ပုံတင်မရှိတာမဖြစ်စေဖို့ဖြစ်ပါအတွက်လည်းဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။ စစ်ကောင်စီက လူဦးရေစာရင်းများကောက်ခံရာတွင် အမည်၊ အသက်၊ ကျား/မ လိင်အမျိုးအစား၊ မှတ်ပုံတင်နံပတ်၊ အဘအမည်၊ အမိအမည်၊ လူမျိုး၊ တော်စပ်ပုံ၊ မသန်မစွမ်းရှိပါက မသန်မစွမ်းအမျိုးအ စား၊ မိသားစုတစ်စုမှ ရပ်ဝေးရောက်ရှိနေသည့်သူရှိပါက၎င်း...

The post မြစ်ကြီးနားနှင့်ဝိုင်းမော်တွင် လူဦးရေစာရင်းစတင်‌ကောက်နေ၊ ရွေးကောက်ပွဲအတွက် အကျုံးဝင်မည်ဟုသိရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:52:41