Breaking News >> News >> Kachin News Group (KNG)


တောထဲထွက်ပြေးနေရတဲ့ ပူတာအို စစ်ရှောင်များ ကျေးရွာကိုပြန်လာနိုင်ဖို့ တောင်းဆိ


Link [2022-03-16 22:13:30]



ပူတာအိုမြို့နယ် ဆွမ်ပီယန် နှင့် အင်စီယန် ကျေးရွာတွေက တောထဲ ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ ရွာကိုပြန်လာနိုင်ဖို့ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ လက်ရှိ ဆွမ်ပီယန်နှင့် အင်စီးယန်ကျေးရွာ ၂ ခုမှာ မတ်လ ၃ ရက်နေ့ကတည်းက စစ်ကောင်စီတပ် ဝင်ရောက်နေရာယူထားပြီး ဒေသခံတွေကိုလည်း ရွာကိုပြန်လာရင် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်စီယန်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “ရွာသားတစ်ချို့က မသိဘဲ ရွာကိုပြန်ကြတယ်။ စစ်သားတွေက ဖမ်းပြီး ‘မပြန်နဲ့ ပြန်လာရင်ပစ်မယ်လို့’ပြောပြီး ပြန်လွတ်ပေးတာ ၂ကြိမ် ရှိသွားပြီ။ ပြန်လာချင်ရင် ဘာသာရေးခေါင်းဆောင်တွေကိုခေါ်ပြီးပြန်လာကြတဲ့။ နောက်ရိက္ခာပြတ်သွားရင်လည်း ရွာထဲကို အလံဖြူထောင်ပြီး အနည်းဆုံး ၃ ယောက်လောက်ဘဲ လာလို့ရတယ်တဲ့။ အဲ့လိုပြောထားတော့ ဘယ်သူမှ မပြန်ရဲကြဘူး” လို့ ပြောပါတယ်။ ဒါကြောင့် ဒေသခံတွေကဘက်လည်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ၊ မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC) နှင့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) တို့ထံ မတ်လ ၉ ရက်နေ့က တောင်းဆိုထားတယ်လို့ သိရပါတယ်။ ပူတာအိုစစ်ရှောင်တွေရဲ့ တင်ပြချက်ကို ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို့ ထပ်မံ စာတင်ပြတောင်းဆိုထားတယ်လို့ မြစ်ကြီးနားခရစ်ယာန်ကောင်စီ MCC မှ ဆရာတစ်ပါးက အခုလိုပြောပါတယ်။ “ပူတာအိုစစ်ရှောင်တွေက သူတို့ရဲ့အခက်အခဲတွေကို ကူညီပေးဖို့ PCG နဲ့ WMR တို့ တင်ပြလာတယ်။ အဲ့ဒါကို ကျနော်တို့ ဘာသာရေးအဖွဲ့ကလည်း ပူးပေါင်းပါဝင်ပြီး ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့အတွက် ကချင်ပြည်နယ် ဥက္ကဋ္ဌ...

The post တောထဲထွက်ပြေးနေရတဲ့ ပူတာအို စစ်ရှောင်များ ကျေးရွာကိုပြန်လာနိုင်ဖို့ တောင်းဆိ appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:34:04