Breaking News >> News >> Kachin News Group (KNG)


မြစ်ဆုံဒေသ ရွှေတူးဖော်မှုများ ရပ်တန့်ပေးရေး ဒေသခံများ ဆန္ဒပြတောင်းဆို


Link [2022-03-15 00:14:59]



ဧရာဝတီမြစ် ထာဝစဉ်စီးဆင်းနိုင်ရေးနှင့် မြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေသောလုပ်ငန်းများ အမြန်ဆုံး ရုတ်သိမ်းပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုများကို အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့တွင် မြစ်ဆုံသေခံများ ပြုလုပ်ခဲ့ကြသည်။ မတ်လ ၁၄ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ခံထားရသော တန်ဖရဲ၊ အောင်မြင်သာ၊ လမုန့်ဇွပ် နှင့်မလိယာန် အပြင် ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၇၀ ဦးခန့် ပါဝင်ပြီး ယခုလို တောင်းဆိုခဲ့ကြသည်ဟု မြစ်ဆုံဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “ဒီလှုပ်ရှားမှုက ကျနော်တို့ ဒေသခံတွေရဲ့ ရင်ထဲတကယ်ခံစားနေရတဲ့ အရာတွေကို ဖော်ပြတဲ့ လှုပ်ရှားမှုဖြစ်တယ်။ ဒေသခံတွေက မလိခမြစ် ထာဝစဉ်စီးဆင်းနေဖို့၊ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးနေတဲ့သူတွေ ရပ်တန့်ပေးဖို့၊ မြစ်ဆုံစီမံကိန်းထာဝရရပ်တန့်ပေးဖို့ ဒီအချက်တွေဘဲ တကယ်ဖြစ်ပေါ်လာဖို့ ရည်ရွယ်ပြီး...

The post မြစ်ဆုံဒေသ ရွှေတူးဖော်မှုများ ရပ်တန့်ပေးရေး ဒေသခံများ ဆန္ဒပြတောင်းဆို appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:48:45