Breaking News >> News >> Kachin News Group (KNG)


စစ်ကောင်စီတပ်၏ စက်လှေတစ်စီး တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်အချို့ ရေထဲခုန်ချ


Link [2022-03-12 15:42:28]



ကချင်ပြည်နယ် ရွှေကူမြို့နယ် ချောင်းဝရွာတွင် တပ်စွဲထား‌နေထိုင်ထားသည့် စစ်ကောင်စီတပ်များသည် ဗန်းမော်မြို့ရှိတပ်နှင့် တပ်ချိန်းရန်ချောင်းဝရွာမှ ထွက်လာစဉ် မတ်လ ၁၁ ရက်နေ့ နံနက် ၁၀နာရီဝန်းကျင် လုတ်တိုင်းချောင်းအနီး မြို့လှ PDF တပ်များမှ စောင့်ကြိုတိုက်ခိုက်လိုက်ကြောင်း မြို့လှ PDF တပ်ဖွဲ့မှသိရသည်။ “သူတို့ ဗန်းမော်တပ်ဘက်ကို တပ်ပြောင်းဖို့ထွက်လာတယ်ဆိုတာကို သတင်းရလို့ ကျနော်တို့ကြိုတင်ပြင်ဆင်ပြီး လုတ်တိုင်းချောင်းနားမှာ သွားစောင့်ပြီးတော့ ပစ်တာ။ ကျနော်တို့ဘက်က အသာစီးရနေတော့ သူတို့ဘက်က ပြန်ပစ်နိုင်တဲ့ အခြေနေမရှိလို့ထင်တယ် ရေထဲခုန်ချသွားကြတယ်” ဟု မြို့လှ PDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ပစ်ခတ်ခံရသည့် စက်လှေတွင် ခမရ ၄၁၄ မှ ဗျူဟာမှူး ကျော်မျိုးထိုက်ဦးဆောင်ကာ သုံးပွင့်ဗိုလ်အဆင့်ရှိ ဗိုလ်ကြီးနေထက်ပိုင် (ဆသရ) နှင့် ဆေးတပ်မှ သုံးပွင့်ဗိုလ်အဆင့်ရှိ ဗိုလ်ကြီး တစ်ဦးအပါအဝင် အင်အား...

The post စစ်ကောင်စီတပ်၏ စက်လှေတစ်စီး တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်အချို့ ရေထဲခုန်ချ appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:44:40