Breaking News >> News >> Kachin News Group (KNG)


ဖားကန့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးအမှု တစ်နှစ်ကျော်ကြာသည်အထိ အမိန့်မချနိုင်သေး


Link [2022-03-12 15:42:28]



ကချင်ပြည်နယ် ဖားကန့်မြို့ တွင် ဖမ်းဆီးခံလိုက်ရသည့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သော်လည်း ယခုချိန်အထိ အမိန့်မချနိုင်သေးကြောင်း သိရသည်။ ပုဒ်မ ၅၀၅ -က ဖြင့် တရားစွဲဆိုထားခံရသည့် ကိုနောင်ရိုးကို ဖားကန့် တရားရုံမှ ရုံးထုတ်စစ်ဆေးခြင်းမရှိတော့သည့်အပြင် ရဲအချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း ကိုနောင်ရိုးနှင့် ရင်းနှီးသည့် ဖားကန့်မြို့မှ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ယခုလို ပြောသည်။ “သူက အချုပ်ထဲမှာနေတာ တစ်နှစ်ပြည့်တော့မယ်တဲ့။ ဒါပေမယ့် သူ့ရဲ့ ဒီ ၅၀၅-က အမှုကို အကြောင်းအမျိုး မျိုးပြပြီးတော့ အချိန်ဆွဲထားတယ်။ အမိန့်ချမှတ်လိုက်ခြင် းမရှိသေးဘူး။ သူ့ကိုရုံးထုတ်မယ်ဆိုပြီး မထုတ်ဖြစ်တာ အများကြီးပဲ။ တရားသူကြီးမလာလို့ ရဲမှူးမလာလို့ ဆိုပြီး ရုံးမထုတ်ဖြစ်တာတွေရှိတယ် သူ့ကိုရုံးထုတ်တာ...

The post ဖားကန့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးအမှု တစ်နှစ်ကျော်ကြာသည်အထိ အမိန့်မချနိုင်သေး appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:49:26