Breaking News >> News >> Kachin News Group (KNG)


မြစ်ကြီးနား၊ ဝိုင်းမော်တွင် ဧပြီလအတွင်း မီးရရှိမှု ပိုနည်းလာမည်


Link [2022-03-12 15:42:28]



မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တွင် လာမည့် ဧပြီလမှစ၍ လျှပ်စစ်မီးရရှိနိုင်မှု ပိုမိုခက်ခဲလာနိုင်ကြောင်း မြစ်ကြီးနားမြို့ ဘူးဂါးလျှပ်စစ်ရုံးမှ သိရသည်။ လက်ရှိကာလ ဘူးဂါးလျှပ်စစ်ရုံးအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားစနစ်ဝယ်ယူမှု မလုံလောက်ခြင်းနှင့် ဘူးဂါးရေအားလျှပ်စစ်လုပ်ငန်းမှ နွေရာသီကာလ ရေခမ်းခြောက်လာသောကြောင့် လျှပ်စစ်မီး ပိုမိုပြတ်တောက်လာနိုင်ကြောင်း ဘူးဂါးလျှပ်စစ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျနော်တို့ အစိုးရ ဓာတ်အားစနစ်ကနေလဲ ဝယ်တယ်။ နောက်ပြီး ကျနော်တို့ ဘူးဂါးကုမ္ပဏီကရှိတဲ့ အထက် မလိခ ၊ အောက်မလိခက မီးစက် ၂ ခု ကနေလည်း ပေါင်းပြီးတော့ ပေးနေတာဖြစ်တယ်။ အခုက အစိုးရကနေ ဝယ်ချင်သလောက် မရနိုင်ဘူး ဖြစ်နေတယ်။ ဘူးဂါးကုမ္ပဏီက မီးစက် ၂ လုံးကလည်း နွေရာသီရောက်လာပြီ ဆိုတော့ ရေကျလာတာကြောင့် မီးအားလုံလုံလောက်လောက်မရဘူး။ တစ်ချို့ရပ်ကွက်တွေမှာ တစ်နေ့ကို အနည်းဆုံး...

The post မြစ်ကြီးနား၊ ဝိုင်းမော်တွင် ဧပြီလအတွင်း မီးရရှိမှု ပိုနည်းလာမည် appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:33:28