Breaking News >> News >> Kachin News Group (KNG)


ကသာနယ်တွင် အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်အင်အားတိုးချဲ့မှုပိုမိုများပြားလာ


Link [2022-03-12 15:42:28]



စစ်ကိုင်းတိုင်း၊ ကသာနယ်တွင် စစ်ကောင်စီတပ်မှ မတ်လ ၃ ရက်နေ့မှစတင်ကာ အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်ရေးပြင်ဆင်မှုအပြင် စစ်အင်အားတိုးချဲ့လှုပ်ရှားမှုများ ပိုများလာကြောင်း မြေပြင်သတင်းများအရ သိရသည်။ “တခါမှမမြင်ဖူးတဲ့မျက်နှာစိမ်းလူတွေ လိုင်းကားတွေနဲ့ဝင်လာတာ သတိထားမိတယ်။ တကယ်တော့ ကျွန်တော်တို့မြို့က သွားရင်းဟန်လွဲ လမ်းတိုက်တယ်ဆိုတာမရှိဘူး အသေချာဝင်လာတယ်ဆိုတာသိသာတယ် “ဟု ဒေသတွင်းသတင်းအရင်းမြစ်အရသိရသည်။ အင်တာနက်ဖြတ်တောက်လိုက်ပြီးနောက် မြို့တွင်းသို့ ၁၂ဘီးကား၊အိမ်စီးကားများဖြင့် ဝင်ရောက်မူများရှိလာသည့်အပြင် မတ်လ ၈ ရက် ယမန်နေ့ည ၈နာရီခွဲခန့် စစ်ကောင်စီတပ်အင်အား တစ်ရာကျော်ခန့်ပါသည့် ၁၂ ဘီးကားတစ်စီးသည် နဘားဖက်မှတဆင့် ကသာမြို့သို့ ဝင်ရောက်လာပြီး ကသာနယ်အထက်ဖက်ရှိ ကျေးရွာအချို့ရှိ ဘုန်းကြီးကျောင်းများတွင် တပ်ဖြန့်နေရာယူထားကြောင်းလည်းသိရသည်။ “အရင်ကဆို အခုလိုကားလမ်းကနေ မြို့တွင်းဝင်လာပြီး အင်အားဖြည့်တာ မရှိသလောက်ဘဲ အင်တာနက်ဖြတ်ပြီးနောက်ပိုင်း ၁၂ဘီးကားတွေ၊ အိမ်စီးကားတွေနဲ့ ဝင်တာလာတာရှိတယ်”ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးကဆိုသည်။ ထို့ပြင် ပြီးခဲ့သည့် မတ်လ...

The post ကသာနယ်တွင် အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်အင်အားတိုးချဲ့မှုပိုမိုများပြားလာ appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:42:31