Breaking News >> News >> Kachin News Group (KNG)


ချန်ဟော့် ဖရဲသီး‌‌ရောင်းချသည့် အရောင်းကွင်းအား ယာယီပိတ်


Link [2022-03-09 21:14:25]



မြန်မာ– တရုတ်နယ်စပ်ရှိ တရုတ်ဘက်ခြမ်းမှ ဝမ်တိန်မြို့၊ ချန်ဟော့်ဖရဲအရောင်းကွင်းအား ယနေ့မှစကာ ယာယီပိတ်လိုက်ပြီဖြစ်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်များမှ သိရသည်။ “ပိုးတွေ့လူနာများလာလို့ ဒီနေ့ကစပြီး ရွှေလီ – ဝမ်တိန် ဒေသကို Lockdown ချပြီး စည်းကမ်း‌တွေထပ်ပြီး တင်းကြပ်လိုက်် ပြီး‌တော့ ဖရဲအရောင်းကွင်းလည်း ပိတ်လိုက်ပြီ” လို့ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ လုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ ဝမ်တိန်မြို့နှင့် ရွှေလီမြို့တို့တွင်း မတ်လ ၈ရက်နေ့ တစ်ရက်တည်း ပိုးတွေ့လူနာ ၂၃ ဦးတွေ့ရှိခဲ့သည့်အတွက် ပိတ်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ– တရုတ်နယ်စပ်ဖြစ်သည့် အဆိုပါကုန်သွယ်ရေးဇုန်နှင့် ဖရဲသီးအရောင်းကွင်းများအား ကိုဗစ်အကြောင်းပြချက်ဖြင့်  မကြာခနပိတ်နေသည့်အတွက် သစ်သီးတင်ပို့ရာတွင် ပျက်စီးဆုံးရှုံးမှုလည်းများလည်း ရှိနေကြောင်း လုပ်ငန်းရှင်များမှ သိရသည်။ “မကြာခဏ ပိတ်နေတော့ မြန်မာဘက်ခြမ်းစောင့်နေတဲ့ ဖရဲ၊ သခွား...

The post ချန်ဟော့် ဖရဲသီး‌‌ရောင်းချသည့် အရောင်းကွင်းအား ယာယီပိတ် appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:53:57