Breaking News >> News >> Kachin News Group (KNG)


လက်ပံတောကျေးရွာတွင် စစ်ရှောင်ပြည်သူ ၁၁ ဦးကို စစ်ကောင်စီသတ်ဖြတ်သွား


Link [2022-03-09 21:14:25]



စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာတွင် စစ်ရှောင်ပြည်သူ ၁၁ဦးအား မတ်လ ၈ရက်နေ့ စစ်ကောင်တပ်မှ သတ်ဖြတ်သွားကြောင်း သိရသည်။ စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်သည် လက်ပံတောကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ဖောက်ဝင်ရောက်လာခဲ့ပြီး လက်ပံတောကျေးရွာ ဘုန်းကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူ့ ၁၁ဦး သတ်ဖြတ်သွားကြောင်း Hero Tiger Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “စစ်သားတွေက မနေ့ညတုန်းက လက်ပံတော မြောက်ဘက်ကနေဝင်လာတယ်ဗျ။ ဝင်လာတဲ့အခါမှာလက်နက်ကြီးတွေနဲ့ပစ်တယ်။ ကျနော်တို့ဘုန်းကြီးကျောင်းထဲမှာ စစ်ရှောင်နေတဲ့ ကျနော်တို့ရဲဘော်ရဲ့မိန်းမရယ်။ သားနှစ်ယောက်ရယ်။ ယောက်ခမရယ်။ နောက်ထပ်ခြောက်ယောက်အပါအဝင် စုစုပေါင်း ဆယ့်တစ်ဦးသတ်ခံလိုက်ရတယ်ဗျ” ဟု ၎င်းကပြောသည်။ အဆိုပါ သတ်ခံလိုက်ရသည့် ၁၁ ဦးတွင် Hero Tiger Force တပ်ဖွဲ့မှ ရဲဘော်တစ်ဦး၏ မိန်းမ၊သားနှစ်ဦး နှင့်ယောက်ခမဖြစ်သူပါဝင်ပြီး ယင်းတပ်ဖွဲ့သည်...

The post လက်ပံတောကျေးရွာတွင် စစ်ရှောင်ပြည်သူ ၁၁ ဦးကို စစ်ကောင်စီသတ်ဖြတ်သွား appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:56:43