Breaking News >> News >> Kachin News Group (KNG)


ရွာလုံးကျွတ်မီးလောင်သွားသော ပန်နမ်းဒင် ထာလာထုရွာသားများ အရေးအပေါ် အကူအညီလိုအပ်နေ


Link [2022-03-09 21:14:25]



ပူတာအိုခရိုင် နောင်မွန်မြို့နယ် ပန်နမ်းဒင်မြို့မှ ခြေကျင်ဖြင့် ၆ ရက်ခန့်သွားရသော ခါကာဘိုရာဇီ တောင်ခြေရှိ ထာလာထု ရွာလုံးကျွတ် မီးလောင်သွားသောကြောင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၄ ရက်ည မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဒေသခံ ရွာသူ/သားများအတွက် အစားအသောက် အရေးပေါ် အကူအညီလိုအပ်နေကြောင်း ပူတာအိုဒေသ လူမှုရေးကူညီပေးနေသူတစ်ဦးထံမှ သိရသည်။ “အခုအဲ့ဘက်မှာက ဖုန်းလိုင်းလဲမရှိဘူး။ အဆက်အသွယ်လည်းခက်နေတယ်။ တစ်ရွာလုံးမီးလောင်သွားတော့ ရွာသားတွေ ဘာပစ္စည်းတစ်ခုမှ မယူလိုက်ရဘူး။ အားလုံးဆုံးရှုံးသွားတယ်ဆိုတာတော့သိတယ်။ သူတို့ဘယ်လိုပဲ ဖြေရှင်း နေနေကြ တယ်ဆိုတာ အတိအကျမသိဘူး။ အရမ်းခက်ခဲတဲ့ရွာဖြစ်တယ်။ စပါးကျီကအစ အားလုံးပါသွားတယ်လို့ပြောတယ်။ အိုးခွက်က အစ မီးထဲအားလုံးပါသွားတော့ အခက်အခဲတွေ အများကြီးရှိတယ်ပေါ့နော်။” ဟု လူမှုကူညီရေးလုပ်ဆောင်နေသူ ဆရာ ဆန်လုရမ်ဆိုင်း ကပြောသည်။...

The post ရွာလုံးကျွတ်မီးလောင်သွားသော ပန်နမ်းဒင် ထာလာထုရွာသားများ အရေးအပေါ် အကူအညီလိုအပ်နေ appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:37:48