Breaking News >> News >> Kachin News Group (KNG)


ဒီပဲယင်း ရွာလေးရွာတွင် စစ်ကောင်စီတပ် ဝင်ရောက်လာသည့်အတွက် ဒေသခံများညတွင်းချင်း ထွက်ပြေး


Link [2022-03-08 02:12:59]



ဒီပဲယင်း ရွာလေးရွာတွင် စစ်ကောင်စီတပ် ဝင်ရောက်လာသည့်အတွက် ဒေသခံများညတွင်းချင်း ထွက်ပြေး March 7, 2022/Kachin News Group ဆက်သွယ်ရေး ဖုန်း အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသော စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျေးရွာလေးရွာတွင် မတ်လ ၆ ရက်နေ့က စစ်ကောင်စီတပ်သားများ အင်းအားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။ ဒီပဲယင်းမြို့နယ်ရှိ ကြခတ်ကျေးရွာ၊ ပျံကျကျေးရွာ၊ ဘုရားထွက်ကျေးရွာနှင့် နှပဲလှကျေးရွာလေးရွာတွင် မတ်လ ၆ ရက်နေ့ ည ၁၂နာရီအချိန်ခန့်၌ စစ်ကောင်စီတပ်အင်အားအလုံးအရင်းဖြင့်ရွာထဲဝင်ရောက်လာမှုကြောင့် ယင်းကျေးရွာလေးရွာမှ ပြည်သူသုံးထောင်ကျော် ညတွင်းချင်းထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က KNG သတင်းဌာနသို့ပြောသည်။ ”အခုနောက်ပိုင်းစစ်ကောင်စီစစ်သားတွေက ညပိုင်းမှပဲရောက်ရောက်လာတယ်ဗျ ညတွင်းချင်းဆိုတော့ ပြည်သူတွေကအရမ်း ဒုက္ခရောက်နေကြတယ်” ဟု ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက...

The post ဒီပဲယင်း ရွာလေးရွာတွင် စစ်ကောင်စီတပ် ဝင်ရောက်လာသည့်အတွက် ဒေသခံများညတွင်းချင်း ထွက်ပြေး appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:52:02