Breaking News >> News >> Kachin News Group (KNG)


စစ်ကိုင်းတိုင်းတွင် အင်တာနက် ဖြတ်တောက်ခံရသည့် မြို့ ၃၁ မြို့ထိရှိလာသည့်အပြင် စစ်ကောင်စီတပ်မှ အကြမ်းဖက်မှု ပိုမိုလုပ်ဆောင်လာ


Link [2022-03-08 02:12:59]



စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်ပေါင်း ၃၁ မြို့ထိရှိလာကြောင်း ဒေသခံရင်းမြစ်များထံမှသိရသည်။ စစ်ကိုင်းတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီတပ်သည် ဖြတ်လေးဖြတ်တွင် အရေးကြီးဆုံးတစ်ခုဖြစ်သည့် ဆက်သွယ်ရေးလိုင်းများ ဖုန်းအင်တာနက်လိုင်းများကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်ဖြတ်တောက်လာခဲ့သည်။ “ကျနော်တို့မှာ အင်တာနက်မဖြတ်ခင်ကတည်းက ဖုန်းလိုင်းက သိပ်မကောင်းတော့ဘူး အဲဒါတွေမက ဒီလ ၃ ရက်နေ့ကစလို့ ဖုန်းအင်တာနက်လိုင်းအားလုံး သုံးမရတော့ဘူး။ စစ်တပ်ကသူတို့ရဲ့ စစ်ဆင်ရေးအတွက် ဖြတ်လေးဖြတ်ထဲက ဆက်သွယ်ရေးလိုင်းကို အရင်ဖြတ်တောက်နေတာ နောက်ကျရင်ဖုန်းလိုင်းပါ ထပ်ဖြတ်မယ့်အနေထားမှာရှိနေတယ်” ဟု ‌ကသာဒေသခံတစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစကာ ပင်လည်ဘူးမြို့နယ်၊ ကနီ၊ပုလဲ၊ ယင်းမာပင်၊ အရာတော်၊ ဝန်းသို၊ဘုတလင်၊ ကောလင်း အစရှိသည့်မြို့နယ်များအင်တာနက်ဖြတ်တောက်လိုက်ပြီး ဖြစ်သည်။ ယင်းကဲ့သို့ အင်တာနက်ဖြတ်တောက်ခဲ့ပြီးနောက်...

The post စစ်ကိုင်းတိုင်းတွင် အင်တာနက် ဖြတ်တောက်ခံရသည့် မြို့ ၃၁ မြို့ထိရှိလာသည့်အပြင် စစ်ကောင်စီတပ်မှ အကြမ်းဖက်မှု ပိုမိုလုပ်ဆောင်လာ appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:28:19