Breaking News >> News >> Kachin News Group (KNG)


တရုတ် မြန်မာနယ်စပ်ရှိ ကြံစိုက်ပျိုးတောင်သူများ၏ ဒုက္ခများ


Link [2022-03-06 22:39:12]



ကချင်ဒေသ တရုတ်-မြန်မာ နယ်စပ်တလျှောက်က ကြံ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းနေကြတဲ့ တောင်သူတွေမှာ အလွန်စိုးရိမ်စရာ ကိစ္စတခု ဖြစ်ပေါ်နေပါတယ်။ ကူးစက်ရောဂါကြောင့် ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ ကြံတွေကို တရုတ်ပြည်ထဲသို့ တင်သွင်းခွင့် တရုတ်အစိုးရမှ ပိတ်ထားတဲ့အတွက်ကြောင့် ကြံခင်းဧက များစွာ ဆုံးရှုံးနစ်နာမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ လွယ်ဂျယ်နယ်စပ်ဂိတ်ကို ကူးစက်ရောဂါကြောင့် တရုတ်အစိုးရဘက်က ပိတ်ထားလိုက်တဲ့အတွက်ကြောင့် ကြံ တွေကို တင်သွင်းခွင့်မရဘဲ သောင်တင်နေတာကြောင့် ဒေသခံတောင်သူတွေဟာ အရှုံးများစွာနဲ့ နွံနစ်တော့မှာ ဖြစ်ပါတယ်။ နယ်စပ်တလျှောက် ဧကသောင်းချီရှိတဲ့ ကြံခင်းတွေရဲ့အနာဂတ် ဆုံးရှုံးနစ်နာမှုတွေကို ကုစားဖို့ လမ်းပျောက်နေဆဲပဲ ဖြစ်ပါတယ်။ “ကူးစက်ရောဂါကြောင့် သူတို့ တရုတ်ပြည်ထဲကို လွယ်လွယ်ကူကူ တင်သွင်းလို့မရဘူး။ လွပ်လွပ်လပ်လပ် ကူးသန်ရောင်းဝယ်လို့ မရတော့ဘူး။ ရောဂါကြောင့် နယ်စပ်ဂိတ်မှာ စည်းကမ်းတင်းကျပ်မှုတွေ စစ်ဆေးမှုတွေ ရှိတာကြောင့် ကုန်ကားတစီးဖြတ်သန်းဖို့အချိန်အရမ်းကြာတယ်။ ကျနော်တို့ပြည်သူ...

The post တရုတ် မြန်မာနယ်စပ်ရှိ ကြံစိုက်ပျိုးတောင်သူများ၏ ဒုက္ခများ appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:54:10