ပူတာအိုမြို့တွင် ယနေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်းမှစတင်ကာ စက်သုံးဆီရောင်းချပေးနေသော ဆီဆိုင်များ ပြန်ပိတ်လိုက်ပြီဟု ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက်ပိုင်းအထိ လူတစ်ဦးလျှင် ဓာတ်ဆီ ၃ လီတာကို ကျပ် ၅၀၀၀ နှုန်းဖြင့် ကန့်သတ်ရောင်းချပေးပြီးနောက် မွန်းလွဲပိုင်းမှစတင်ကာ ယခုလိုပိတ်လိုက်ခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆို သည်။ “မနေ့ကတော့ ကိုယ်လိုသလောက်ဝယ်လို့ရတယ်။ ကန့်သတ်ထားတာလည်းမရှိဘူး။ အားလုံးလည်း အလုအယက်လာဝယ်ကြ တယ်။ ဒီမနက်ကြတော့ တစ်ယောက် ကို ၃လီတာဘဲ ရောင်းပေးတော့တယ်။ အခုညနေပိုင်းဆို ဆီပြန်ပြတ်သွားလို့ ရောင်းပေးတဲ့ ဆီဆိုင်တောင် ပြန်ပိတ်လိုက်ပြီ” ဟု ပြောဆိုသည်။ ပူတာအိုမြို့တွင် တိုင်းကျော် ဆီဆိုင်တစ်ခုတည်းသာ ရောင်းချပေးနေခြင်းဖြစ်ပြီး လက်ရှိလမ်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆီကားများ ပူတာအိုမြို့သို့ မရောက်ရှိနိုင်သေးဘဲ ဆီ...
The post ပူတာအိုတွင် ယနေ့ မွန်းလွဲပိုင်း ဓါတ်ဆီပန့်ဆိုင်များ ပြန်ပိတ် appeared first on Kachin News Group (KNG).
2024-11-11 01:57:11