Breaking News >> News >> Kachin News Group (KNG)


ပူတာအို နှင့် မချမ်းဘော့မြို့နယ်တွင် ၂ ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးပေးတော့မည်


Link [2022-03-05 19:01:28]



ကချင်ပြည်နယ် ပူတာအိုဒေသ အထက်နမ့်ထွမ်ချောင်း ရေစတင်ခမ်းခြောက်လာသောကြောင့် ပူတာအိုမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် ၂ ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးပေးနိုင်တော့မည် ဖြစ်ကြောင်းသိရသည်။ အထက်နမ်ထွမ် ရေအားလျှပ်စစ်စက်ရုံမှာ လက်ရှိတွင် ချောင်းရေခမ်းခြောက်စပြုလာပြီး စက်လည်ပတ်မှု အားနည်းလာသောကြောင့် ပူတာအို၊ မချမ်းဘော့မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာရပ်ကွက်များတွင် ၂ ရက်ခြားတစ်ကြိမ် အလှည့်ကျစနစ်ဖြင့်သာ မီးပေးနိုင်တော့ မည်ဖြစ်ကြောင်း ပူတာအိုမြို့နယ် EPC မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ”အခုရေက နမ့်ထွမ်ရေက တစ်ရက်ပြီးတစ်ရက်ခမ်းနေလို့လေ အရင်ကရေရှိတဲ့အချိန်က စက်က နှစ်လုံးကနေသုံးလုံးအထိမောင်းနိုင်တာ အခုကစက်ကတစ်လုံးပဲလည်ပတ်နိုင်တယ်။ စက်ကအားလုံး လေးလုံးရှိတာ အခုက သုံးလုံးကရပ်ထားပြီး တစ်လုံးပဲလည်ပတ်နိုင်တော့ မီးကမပေးနိုင်တော့ဘူး။ အ့ာကြောင့် အခုကရွာတွေ ရပ်ကွက်တွေအားလုံးပေါ့ နှစ်ရက်ခြားနဲ့ပေးနေပြီ” ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။ ပူတာအိုမြို့နယ်တွင် ၂ ရက်ခြားတစ်ကြိမ်...

The post ပူတာအို နှင့် မချမ်းဘော့မြို့နယ်တွင် ၂ ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးပေးတော့မည် appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:52:36