Breaking News >> News >> Kachin News Group (KNG)


ပူတာအိုတွင် ဓာတ်ဆီ တစ်လီတာ ၂၅၀၀ ကျပ်ဖြင့် အပြိုင်အဆိုင် ဝယ်ယူနေရ


Link [2022-03-05 19:01:28]



ကချင်ပြည်နယ် ပူတာအိုမြို့တွင် ယနေ့ ဓာတ်ဆီတစ်လီတာ ကျပ် ၂၅၀၀ စျေးရှိပြီး ယခင်ထက် စျေးကျလာသောကြောင့် အလုအယက် ဝယ်ယူနေသည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် ဆီကုန်သွားသဖြင့်ပိတ်လိုက်ရသော ဓါတ်ဆီဆိုင်ကြီးများအနက် အချို့မှာ ယနေ့ မတ်လ ၄ ရက်နေ့ စတင်ဖွင့်နေပြီး ၉၂ တစ်လီတာကို ကျပ် ၂၅၀၀ ဖြင့် အလုအယက် ပြေးဝယ်နေရသည်ဟု ပူတာအိုမြို့လေယာဉ်ကွင်းရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။ ”လူတွေကမနက်ကတည်းကနေတန်းစီပြီး အလုအယက်ဝယ်နေရတာ။ ကျနော်တောင် နာရီဝက် လောက်စောင့်လိုက်ရတယ်။ ဝယ်တဲ့လူကများလို့လေ အစဥ်လိုက်ပုံးတွေကိုတန်းစီပြီးဝယ်နေရတာ အလှည့်ကျော်လို့တောင်မရဘူး။ ဆီက ၉၂ တစ်မျိုးပဲရတယ် ၉၅ ကမရဘူး မရောက်သေးဘူးလို့ကြားတယ်။” ဟု ၎င်းကပြောသည်။ လတ်တလော ဓာတ်ဆီရောင်းချပေးနေသည့် တိုင်းကျော် ဆီပန့်ဆိုင်တွင်လည်း လူတစ်ဦးလျှင်...

The post ပူတာအိုတွင် ဓာတ်ဆီ တစ်လီတာ ၂၅၀၀ ကျပ်ဖြင့် အပြိုင်အဆိုင် ဝယ်ယူနေရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:51:02