Breaking News >> News >> Kachin News Group (KNG)


ကားမိုင်းမြို့အဝင် ဂိတ်တိုက်ခိုက်ခံရ၊ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရ


Link [2022-02-26 11:21:24]



ဖားကန့်သွားလမ်း ကားမိုင်းမြို့အဝင် စစ်တပ်ဂိတ်တွင် ယနေ့နံနက်ပိုင်း ၇နာရီဝန်းကျင် ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်းသိရသည်။ စစ်တပ်ဂိတ်တွင် ခရီးသွားလာသည့် ပြည်သူများထံမှငွေကြေးကောက်ခံမှုနှင့် စစ်ဆေးရေးတင်းကြပ်မှုများပြုလုပ်နေသဖြင့် KIA နှင့် PDF အဖွဲ့က ယနေ့နံနက်အစောပိုင်းက သွာရောက်တိုက်ခိုက်ခဲ့သောကြောင့် နာရီဝက်ခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ “၂ဖက်ပစ်ခတ်တယ်ဆိုတော့ ဘယ်ဘက်ကပစ်ပြီးမှန်တယ်လို့ပြောလို့တော့မရဘူးပေါ့လေ။ ဂိတ်နားမှာရှိတဲ့ အမျိုးသားတစ်ယောက်က လက်နက်ကြီးမှန်လို့ပွဲ ချင်းပြီး သေသွားတယ်။ နောက်ကလေး တစ်ယောက်က ထိခိုက်ဒဏ်ရာရသွားတယ်။ သူတို့ပစ်ခတ်ကြတာက နာရီဝက်လောက်ဘဲရှိမယ်ထင်တယ်။ ဂိတ်မှာက တစ်ခြား ထိခိုက်ပျက်စီးတာတွေက မရှိခဲ့ဘူး”ဟု ကားမိုင်းပြည်သူတစ်ဦးက KNG သတင်းဌာနကိုအတည်ပြုပြောဆိုထားသည်။ ထိုနေရာတွင် တိုက်ပွဲဖြစ်ပွားနေသည့် အချိန်အတွင်း ကားမိုင်းစစ်တပ်ကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့သောကြောင့်မြို့ပေါ်အတွင်း လက်နက်ကြီးကျမှန်မည်ကိုစိုးရိမ်သဖြင့် ဒေသခံတစ်ချို့က ထွက်ပြေးတိမ်း​ရှောင်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။ စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီးနောက် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်အထိ...

The post ကားမိုင်းမြို့အဝင် ဂိတ်တိုက်ခိုက်ခံရ၊ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:48:57