Breaking News >> News >> Kachin News Group (KNG)


ဒီပဲယင်းနယ်တွင် ပြည်သူတစ်ဦးသတ်ခံရပြီး ပြည်သူများ၏ စပါးများနှင့်ဆိုင်ကယ်များ စစ်ကောင်စီတပ်ဖျက်ဆီး


Link [2022-02-26 11:21:24]



စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ စိုင်းပြင်ကျေးရွာနေအမျိုးသားတစ်ဦးကိုစစ်ကောင်စီတပ်ကသတ်ဖြတ်ခဲ့ပြီး ဂွေးပင်ကုန်းကျေးရွာကိုထပ်မံဝင်ရောက်ကာ ပြည်သူပိုင်စပါးများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်အင်းအား ၃၀ ခန့်က စိုင်းပြင်ကျေးရွာ နေအမျိုးသားသုံးဦးဖမ်းခေါ်သွားပြီး နှစ်ဦးကိုပြန်လွတ်ပေးခဲ့ကာ တစ်ဦးကိုသတ်ဖြတ်ခဲ့ပြီး စိုင်းပြင်ကျေးရွာမှ ထွက်ခွာပြီး ဂွေးပင်ကုန်းကျေးရွာသို့ဝင်ရောက်ကာ ပြည်သူများ၏စပါးများနှင့် ဆိုင်ကယ်များကိုမီးရိူ့ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ ”အသတ်ခံရတာက စိုင်းပြင်ကျေးရွာကပါ အသက် ၃၀ဝန်းကျင်ရှိအမျိုးသားကိုသတ် သွားတာပါ။စိုင်းပြင်ကျေးရွာကနေထွက်ပြီး ဂွေးပင်ကုန်းကျေးရွာမှာဝင်ပြီးဆက်မွှေတယ် အဲ့မှာစပါးတင်း ၁၀၀ လောက်ကိုကောက်ရိုးပုံတွေနဲ့မီးရှို့ဖျက်ဆီးသွားတယ်။”ဟု ၎င်းကပြောသည်။ စိုင်းပြင်ကျေးရွာအတွင်းမှာနံနက်မိုးလင်း ကာစအချိန်တွင်ဝင်ရောက်လာခဲ့ပြီး ရွားသားအများအပြားလည်းဖမ်းဆီးခံခဲ့ရကြောင်း အမည်မဖော်လိုသည့်ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။ ”မနက်ခင်းဝင်တာဆိုတော့ တွေ့တဲ့လူတွေကို အကုန်လိုက်ဖမ်းတာဗျ ရွာသား ၂၅ ယောက်လောက်ဖမ်းမိတယ် စစ်သားတွေရွာကနေပြန်ထွက်ခါနီးမှာ ပြန်လွတ်ပေးထားခဲ့တယ်အဲ့ဒီမှာ သူတို့လိုချင်တဲ့နာမည်ထွက်တဲ့ သုံးယောက်ကိုတော့ဖမ်းသွားတယ်ဗျ”ဟု ၎င်းကပြောသည်။ စစ်သားများဝင်ရောက်လာမှုကြောင့် ဂွေးပင်ကုန်းကျေးရွာနေပြည်သူများ နံနက်ပိုင်းတွင်ဘေးလွတ်ရာတိန်းရှောင်ခဲ့ရပြီးနေ့လည်ပိုင်းတွင်း နေအိမ်သို့ပြန်လည်...

The post ဒီပဲယင်းနယ်တွင် ပြည်သူတစ်ဦးသတ်ခံရပြီး ပြည်သူများ၏ စပါးများနှင့်ဆိုင်ကယ်များ စစ်ကောင်စီတပ်ဖျက်ဆီး appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:53:14