Breaking News >> News >> Kachin News Group (KNG)


ကသာမြို့ ဗိုလ်ချုပ်ရုပ်တုအနီးဗုံးကွဲ လူငယ်တစ်ဦးဗုံးကျည်ထိမှန်သေဆုံး


Link [2022-02-26 11:21:24]



စစ်ကိုင်း ကသာမြို့ ရပ်ကွက် ၄ လမ်းမတော်လမ်းရှိ ဗိုလ်ချုပ်ရုပ်ထုအနီး ဖေဖော်ဝါရီလ ၂၁ ရက် ည ၇နာရီဝန်းကျင် ဗုံးတစ်လုံးပေါက်ကွဲသည့်အတွက် အနားမှဖြတ်သွားသည့် လူငယ်တစ်ဦး ဗုံးကျည်စထိမှန်ကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ” ရေသန့်ပို့တဲ့ကလေးလို့။ သိရတယ် မနေ့ည အိမ်ပြန်တဲ့ချိန် အဲဘက်လမ်းဘက်က ဖြတ်သန်းသွားတာ သူဖြတ်တဲ့ချိန်နဲ့ဗုံးကွဲတာ ကွက်တိဖြစ်သွားတော့ ဗုံးစမှန်သွားတာတဲ့ ဖြစ်ဖြစ်ချင်းတော့ဆေးရုံပို့‌ပေမယ့် မမီတော့ဘူး ဒီမနက်ဆုံးသွားပြီတဲ့” ဟု ဒေသခံတစ်ဦးကပြောသည်။ ဗုံးကျည်ထိမှန်သေဆုံးသွားသူသည် ကသာမြို့၊ ရပ်ကွက် ၆ တွင် နေထိုင်သည့် အသက် ၂၂နှစ်အရွယ် မောင်လင်းထက်အောင်ဆိုသူဖြစ်ကာ ရေသန့်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။ အဆိုပါ လူငယ်ဗုံးကျည်ထိမှန်ချိန်တွင် ည ၇ဝန်းကျင်ရှိနေပြီဖြစ်သည့်အပြင် ကသာမြို့တွင်မာရှယ်လော ထုတ်ထားသည့်အတွက် ဒေသခံများသွားရောက်ကြည့်ရူရန် ခက်ခဲသည့်အခြေနေဖြစ်သည့်အတွက် ဖြစ်စဉ်အသေးစိတ် တိတိကျကျ...

The post ကသာမြို့ ဗိုလ်ချုပ်ရုပ်တုအနီးဗုံးကွဲ လူငယ်တစ်ဦးဗုံးကျည်ထိမှန်သေဆုံး appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:44:57