Breaking News >> News >> Kachin News Group (KNG)


မိုးမောက်တွင် တိုက်ပွဲဆက်ဖြစ်လာနိုင်သဖြင့် ဒေသခံများ နေရပ်မပြန်သေး


Link [2022-02-18 17:13:53]



ကချင်ပြည်နယ် မိုးမောက်မြို့အနီး ဝဝမ်ကျေးရွာနှင့် ခါနန်ရပ်ကွက်ကြားတွင် ယမန်နေ့ တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်သို့ ထွက်ပြေးလာသော စစ်ရှောင်များအတွက် လက်ရှိတွင် အစားအသောက်နှင့် အသုံးဆောင်ပစ္စည်များ ကူညီထောက်ပံ့ပေးရန် လိုအပ်နေကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၇ ရက် ယမန်နေ့က စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဝဝမ်ကျေးရွာနှင့် ခါနန်ရပ်ရပ်ကွက်ရှိ ဒေသခံ အိမ်ခြေ ၆၀ ခန့်နှင့် စစ်ရှောင်ဦးရေ ၂၀၀ ကျော်မှာ မြို့မရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စခန်းတာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “မနေ့ကနေ ဒီကနေ့အထိတော့ ဘုရားကျောင်းကနေ တတ်နိုင်သလို အစားအသောက်စီစဉ်ပေးနေတယ်။ ဒါပေမယ့် အခြေအနေက သူတို့အတွက် အစားအသောက်တွေနဲ့ သူတို့ ဒီမှာရှိတဲ့အချိန်မှာ သုံးဖို့ အသုံးအဆောင်ပစ္စည်းတွေပေါ့လေ။...

The post မိုးမောက်တွင် တိုက်ပွဲဆက်ဖြစ်လာနိုင်သဖြင့် ဒေသခံများ နေရပ်မပြန်သေး appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:28:28