Breaking News >> News >> Kachin News Group (KNG)


ချောင်းဦး အိမ်ခြေ ၂၀၀ ကျော် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး


Link [2022-02-18 17:13:53]



စစ်ကိုင်းတိုင်းဒေသကြီး  ပုလဲမြို့နယ် ချောင်းဦးကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်မှ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းတွင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး‌နေကြောင်း ဒေသခံများမှ သိရသည်။ ယနေ့ နံနက် ၁၀ နာရီခန့်အချိန်မှစကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဗျူစောထီများ ချောင်းဦးရွာထဲသို့ လက်နက်ကြီးများ ပစ်ဖောက်ဝင်ရောက်၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော်မီးရှို့သွားကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ ”လောလောဆယ်အခြေအနေကတော့ ရွာလုံးကျွတ်နီးပါးမီးထဲမှာပါသွားတယ်ဗျ။ သူတို့က ရွာထဲကိုမီးငြိမ်းလို့မရအောင်ရွာပြင်ဘက်ကနေပြီးတော့လက်နက်ကြီးတွေနဲ့ခြောက်လန့်ပစ်ခတ်ပြီး ရှို့သွားတာ အကုန်လုံးနီးပါးမီးထဲပါသွားတယ်ဗျ။”ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ ချောင်းဦးကျေးရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်၊ လူဦးရေလေးထောင်နီးပါးရှိသည့်ကျေးရွာဖြစ်ပြီး လတ်တလော စစ်ကောင်စီတပ်၏ ရွာအတွင်း မီးရှို့ပစ်ခတ်နေသည့်အတွက် ရွာလုံးကျွတ်ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်းလည်း သိရသည်။ ”လောလောဆယ်တော့ တစ်ရွာလုံးရှောင်နေရတယ်ဗျ ရွာနဲ့ဝေးရာကိုရှောင်နေရတယ်ဗျ။ သူတို့က အဝေးကနေလာပြီးတော့မီးရှို့သွားတာဗျ ရွာထဲမှာတော့မရှိတော့ဘူး”...

The post ချောင်းဦး အိမ်ခြေ ၂၀၀ ကျော် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:54:18