Breaking News >> News >> Kachin News Group (KNG)


နေရပ်ပြန်စစ်ရှောင်အချို့ လက်နက်ကြီးထိမှန်ပြီး ၃ ဦးသေဆုံး ငါးဦးဒဏ်ရာပြင်းထန်


Link [2022-02-18 17:13:53]



ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသတွင် စစ်ရှောင်‌‌နေကြရသည့် ပြည်သူများ ဖေဖော်ဝါရီလ ၁၇ရက်နေ့ နေရပ်ပြန်လာသည့်လမ်းတွင် လက်နက်ကြီးပစ်ခတ်ခံရသဖြင့်  ၃ ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများအား ကူပေးနေသူများထံမှ သိရသည်။ “မနေ့က တချို့ပြန်တယ် လမ်းမှာပဲတိုက်ပွဲကြားရောက်သွားတော့ လက်နက်ကြီးထိပြီး ၃ယောက်သေတယ် ၅ ယောက် ဒဏ်ရာရတယ် ဒီနေ့အခြေအနေလည်း မသိရသေးဘူး။” ဟု စစ်ရှောင်ကူညီပေးနေသူ တစ်ဦးက ပြောသည်။ အဆိုပါစစ်‌ရှောင်များသည် မိုင်းယော်ဒေသဈေးတွင် ကျေးရွာ ၃ခုမှ စစ်ရှောင် ၅၀၀ ဝန်းကျင် ခေတ္တခိုလှုံနေရမှ နေရာအခက်ခဲများရှိသည့်အတွက် နေရပ်ပြန်ခိုင်းရာမှ ယခုကဲ့သို့ နေရပ်ပြန်ရာလမ်းတွင် လက်နက်ကြီးထိမှန်သွားခြင်း ဖြစ်ကြောင်း သိရသည်။ လက်နက်ကြီးကျည်ထိမှန်‌ သေဆုံးသွားသော စစ်ရှောင်များသည် ပန်နန်းရွာမှ တိုက်ပွဲရှောင်လာသူများဖြစ်ပြီး နေရပ်အပြန်လမ်း၊ လုံတက်ရွာအနီးတွင် လက်နက်ကြီးထိမှန်ကာ ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင်...

The post နေရပ်ပြန်စစ်ရှောင်အချို့ လက်နက်ကြီးထိမှန်ပြီး ၃ ဦးသေဆုံး ငါးဦးဒဏ်ရာပြင်းထန် appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:49:23