Breaking News >> News >> Kachin News Group (KNG)


ပူတာအိုတွင် ဓာတ်ဆီ စတင်ပြတ်လပ် ဆီပန့်ဆိုင်အချို့ စပိတ်


Link [2022-02-18 17:13:53]



ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဓာတ်ဆီပြတ်လပ်မှုစတင်နေပြီး ဆီပန့်အရောင်းဆိုင်ကြီးများလည်း စပိတ်နေပြီဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဘက်တိုက်ပွဲခပ်စိပ်စိပ် ဖြစ်လာပြီး ဓာတ်ဆီ နှင့် အခြားစက်သုံးဆီများ သယ်ယူပို့ဆောင်ရန်ခက်ခဲလာသည့်အတွက် ဆီပန့်အရောင်းဆိုင်ကြီးများလည်း စပိတ်နေပြီဖြစ်ကြောင်း ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက်နေအမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ ”အခုကဓာတ်ဆီ လိုသလောက်မရနိုင်တော့ဘူး။ တစ်ယောက်ကို နှစ်ဂါလံအလွန်ဆုံးပဲ ရောင်းပေးတယ်။ ဒါတောင်တချို့ဖွင့်တဲ့ဆီပန့်ဆိုင်တွေမှာပဲရတာ တချို့ဆိုင်တွေကပိတ်ကုန်ပြီ။ အခုဖွင့်တာက တိုင်းကျော်ဖွင့်တယ်တစ်ခုဘဲဖွင့်တယ် Petro 7 ရယ် ဇေယျာမင်းရယ်တော့ ပိတ်နေပြီ။ မဖွင့်တော့ဘူး ဆီမရှိတော့လို့ပိတ်လိုက်တာလို့ပြောတယ်။ တိုင်းကျော်တော့ဆီကျန်သေးလို့ရောင်းတယ် ဒါတောင် လူတစ်ယောက်ကို နှစ်ဂါလံနှုန်းပဲရတယ်”ဟု ကောင်ကထောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။ လက်ရှိ ဆီလက်ကျန်ရောင်းချပေးနေသည့်...

The post ပူတာအိုတွင် ဓာတ်ဆီ စတင်ပြတ်လပ် ဆီပန့်ဆိုင်အချို့ စပိတ် appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:37:33