စစ်ကိုင်းတိုင်းဒေသကြီး၊ အုန်းတောကျေးရွာ အရှေ့ဘက်ရှိ၊ ရေမြက်ကြီးအင်းအနီးတွင် စစ်ကောင်စီတပ်၏ တိုက်လေယာဥ်တစ်စီး ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် ပျက်ကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ”ကျနော်တို့ရွာနဲ့တော့ နည်းနည်းဝေးတယ်။ ဒါပေမယ့် အဲက ဒေသခံတွေကို ဖုန်းဆက်မေးတာ လေယာဥ်ပျက်ကျတာ ဟုတ်တယ်။ ရေမျက်ကြီးအင်းအလည်မှာပျက်ကျတာလို့ သိရတယ် လေယာဉ်မှူးသေတယ်လို့ သိရတယ် ခုက ကယ်ဆယ်ရေးတွေ စလုပ်နေပြီ” ဟု ရေမြက်ရွာ ဒေသခံတစ်ဦးကပြောသည်။ ယင်းလေယာဉ်ပျက်ကျမူပြီးနောက် စစ်ကောင်စီတပ်များအုန်းတောရွာ၊ ရေမျက်ကြီးရွာအနီးရှိ ကျေးရွာများသို့ ဝင်ရောက်လာသည့်အတွက် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း ၎င်းကဆက်ပြောသည်။ ” ကြားတာက အဲလေယာဉ်ပျက်ကျခါနီးမှာ လေထီးနဲ့ခုန်ဆင်းတဲ့သူလည်းရှိတယ် အဲလေထီးနဲ့ခုန်ဆင်းတဲ့သူတွေကို လိုက်ရှာတာတဲ့ ရွာထဲစစ်သားတွေလည်း ရောက်လာတော့ ရွာသားတွေကြောက်လို့ တစ်ချို့ပြေးကုန်တာ” လို့ ဒေသခံတစ်ဦးက ပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ လေထီးနှင့်...
The post စစ်ကောင်စီတပ်၏ တိုက်ခိုက်လေယာဉ်ပျက်ကျလေယာဉ်မှူးတစ်ဦးသေဆုံး appeared first on Kachin News Group (KNG).
2024-09-21 12:33:01