ကချင်ပြည်နယ်၊ ပူတာအိုမြို့ ဖတ်မာကျေးရွာနေ လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်မှ ယမန်နေ့ည ဖေဖော်ဝါရီ ၁၅ ရက်နေ့ တွင် ပစ်သတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ည ၈ နာရီအချိန်တွင် စစ်ကောင်စီတပ်များ ဖက်မာရွာထဲသို့ဝင် ရောက်လာပြီး ရွာတွင်းသေနတ်ပစ်ခတ်မူများ ပြုလုပ်လာသည့်အတွက် ရွာသားအချို့ဘေးလွတ်ရွာ ထွက်ပြေးတိန်းရှောင်နေစဥ် အဆိုပါ လင်မယား နှစ်ဦး ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သေဆုံးသွားသည့်အမျိုးသား၏ ဦးလေးတော်စပ်သူက KNG သတင်းဌာနသို့ ပြောသည်။ “မနေ့က တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကျနော့တူလေး လင်မယားက ဆိုင်ကယ်နဲ့မောင်းပြီး ကားလမ်းမတိုင်းမောင်းပြေးတာ အဲတာကိုနောက်ကနေပြီးတော့ စစ်သားတွေက ဓာတ်မီးလိုက်ထိုးပြီးမှ သေနတ်လိုက်ပစ်လို့ လင်မယားနှစ်ယောက်လုံး ဆုံးသွားတယ်” ဟု ဦးလေးတော်စပ်သူ ကပြောသည်။ သေဆုံးသွားသည့် အမျိုးသားမှာ ဦးအားခီဇီပါ အသက် ၂၀ ကျော်ဝန်းကျင်ရှိပြီး ၎င်း၏ ဇနီးမှာလည်း အသက်...
The post ပူတာအိုမြို့ ဖတ်မာကျေးရွာတွင် လင်မယားနှစ်ဦး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး appeared first on Kachin News Group (KNG).
2024-11-11 03:48:43