Breaking News >> News >> Kachin News Group (KNG)


ပူတာအိုနှင့် မချမ်းဘော့တွင် စစ်အင်အားဖြည့်ရန် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကို ညွန်ကြားထား


Link [2022-02-14 03:12:02]



လက်ရှိ စစ်ရေးတင်းမာနေသော ပူတာအို နှင့် မချမ်းဘော့ဒေသတွင် စစ်အင်အားဖြည့်တင်းရန် စစ်ကောင်စီ မှ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကို ညွန်ကြားထားသည်ဟု သိရသည်။ ပူတာအိုတွင် စစ်ကောင်စီ၏ အင်အား အလွန်နည်းပါးနေသောကြောင့် ခေါင်လန်ဖူး ပြည်သူ့စစ်အဖွဲ့ကို ခေါ်ယူခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံတစ်ဦးက KNG ကို ပြောသည်။ “မူလာရှီးဒီ ကျေးရွာတစ်ချို့မှာတောင် ကတုတ်ကျင်း တူးထားပြီး လှုပ်ရှားနေပြီတဲ့။ မနေ့ကပဲ ရှိသေးတယ်။ စစ်အင်အား အတိအကျမသိပေမယ့် ဆင်းလာတာတော့သေချာပြီ ဘာလို့ဆိုတော့ ပူတာအိုမှာက အင်အား ဘာမှ မရှိတော့ဘူးလေ။ ခေါင်လန်ဖူးမှာပဲ ပြည်သူ့စစ်အင်အား များတာ။”  ဟု ပြောသည်။ ယခင်ရက်များက ပူတာအို စစ်ကောင်စီဂိတ်များတွင် သက်ကြီးရွယ်အို စစ်သားဟောင်းများကို ကင်းစောင့်ချထားသော်လည်း ယမန်နေ့မှ စတင်ပြီး ပြည်သူ့စစ်အင်အားများပါ ပူးတွဲချထားသည်ဟု သူက ဆက်ပြောခဲ့သည်။ ထို့အပြင်...

The post ပူတာအိုနှင့် မချမ်းဘော့တွင် စစ်အင်အားဖြည့်ရန် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကို ညွန်ကြားထား appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:33:35