Breaking News >> News >> Kachin News Group (KNG)


ကသာ ချောင်းဝကျေးရွာသို့ ချီတက်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရလူနာများကို ရေလမ်းဖြင့်သယ်ဆောင်


Link [2022-02-08 15:13:21]



စစ်ကိုင်းတိုင်း ကသာမြို့နယ် ချောင်းဝရွာအနီးသို့ ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့ကို ယမန်နေ့ ညနေ ၅ နာရီခန့်တွင် မြို့လှ PDF မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း သိရသည်။ ယင်းဒဏ်ရာရရှိသူများအား ယနေ့နံနက် ၅နာရီဝန်းကျင် ‌ချောင်းဝရွာရေဆိပ်မှ မော်တော်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်သွားကြောင်း မြို့လှ PDF နှင့် နီးစပ်သူတစ်ဦးက KNG ကို ယခုလိုပြောသည်။ “သူ့လူအချင်းချင်း အချက်ပေးအသံပြုနေတာ ကျွန်တော်တို့အဖွဲ့ကကြားတော့ အခြေနေသွားကြည့်တယ်။ သူတို့ အစုလိုက်ကြီးအနားယူနေတာ အဲ့တာနဲ့ လက်ထောက် ၂ လုံးပစ်သွင်းလိုက်တယ်။ ဘယ်နှစ်ယောက်ထိလဲ‌တော့ တိတိကျကျမပြောနိုင်ဘူး လူအုပ်ထဲပစ်ထဲ့လိုက်တာ ဒီနေ့မနက်ရောက်တော့ အရေးကြီးလူနာဆိုပြီး မော်တော် ၂ စီးခေါ်ယူတယ်။ ဒဏ်ရာရတဲ့ထဲမှာ စစ်ကြောင်းမှူး ပါလောက်မယ်ထင်တယ်” ဟု Myo...

The post ကသာ ချောင်းဝကျေးရွာသို့ ချီတက်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရလူနာများကို ရေလမ်းဖြင့်သယ်ဆောင် appeared first on Kachin News Group (KNG).



Most Read

2024-09-21 13:00:47