Breaking News >> News >> Kachin News Group (KNG)


ပူတာအိုမှာ ဆီတစ်ဂါလံ ကျပ်တစ်သောင်း အထိမြင့်တက်


Link [2022-02-08 03:52:40]



ကချင်ပြည်နယ် ပူတာအိုမြို့တွင် ယနေ့ ညနေပိုင်းက ဓာတ်ဆီတစ်ဂါလံ ကျပ်တစ်သောင်းနှုန်းအထိ မြင့်တက်နေပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်းမှ စတင်ကာ ၉၂ တစ်လီတာ ၂၅၀၀၊ ၉၅ တစ်လီတာ ၂၁၀၀ နှုန်းဖြင့် ၉၂ တစ်ဂါလံ ၁၀၀၀၀ ကျပ်နှင့် ၉၅ တစ်ဂါလံ ၉၀၀၀ ကျပ်အထိ စျေးမြင့်တက်နေကြောင်း ပူတာအိုဒေသခံတစ်ဦးက ဆိုသည်။ ”ဒီနေ့ပဲ ချက်ချင်းကြီးစျေးတက်သွားတယ် မနေ့ကတော့။ ဆီတွေထပ်ရောက်လာဖို့ မရှိတာကြောင့် စျေးတက်တာတဲ့ဆီလက် ကျန်ပဲရောင်းနေတာတဲ့ ဒီပူတာအိုမြို့ထဲမှာက တိုင်းကျော်၊ ဇေယျာမင်း ၊ Prtro 7 အဲ့သုံးဆိုင်ပဲရှိတာ ဇေယျာမင်းကတော့ ဆီလက်ကျန်နည်းနေတယ်ဆိုပြီး ဆိုင်ပိတ်ထားတယ်။ အချိန်ပိုင်း အဲ့ကြောင့် ပြည်သူတွေက အခုဆီတွေအလုအယက်ပြေးဝယ်နေကြတယ်။ ပုံးဝါတွေနဲ့ လေးငါးပုံထိဝယ်ထားတဲ့လူရှိတယ်...

The post ပူတာအိုမှာ ဆီတစ်ဂါလံ ကျပ်တစ်သောင်း အထိမြင့်တက် appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:34:24